ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, November 27, 2011

တရုတ်က အမေရိကန်ကိုကျော်ကာ ကမ္ဘာ့အကြီးဆုံး ထိပ်တန်းစမတ်ဖုန်းဈေးကွက်ဖြစ်

w79_15
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ဖုန်းကြော်ငြာဆိုင်းဘုတ်တစ်ခုရှေ့မှ ဖြတ်လျှောက်ရင်း ဖုန်းဖြင့် စာတိုပို့နေသူတစ်ဦး

တရုတ်သည် အမေရိကန်ကို ကျော်တက်ကာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်လာခဲ့ကြောင်း ဈေးကွက်သုတေသနလုပ်ငန်းတစ်ခုက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ် တတိယသုံးလပတ်တွင် တရုတ်နိုင်ငံသို့ စမတ်ဖုန်း ၂၄ သန်းအထိ တင်ပို့ခဲ့ရပြီး အမေရိကန်တွင် စမတ်ဖုန်း ၂၃ သန်းတင်ပို့ခဲ့ရကြောင်း Strategy Analytics က ပြောကြားခဲ့သည်။ အမေရိကန်သည် ၀င်ငွေဖြင့် တွက်ချက်ပါက ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံက စမတ်ဖုန်းအရောင်း ပမာဏအားဖြင့် အကြီးဆုံးဈေးကွက် ဖြစ်လာခဲ့ပြီဖြစ်သည်။

တရုတ်စီးပွားရေး လျှင်မြန်စွာတိုးတက်မှုကြောင့် စမတ်ဖုန်းသုံးစွဲမှု မြင့်တက်လာခဲ့ပြီး Apple ၏ iPhone ကဲ့သို့ နည်းပညာမြင့်ဖုန်းများကို ဆက်သွယ်ရေးလုပ်ငန်းများက အလုံးအရင်းဖြင့် ရောင်းချပေးနေသည်။ တရုတ် အမှတ်တံဆိပ်ဖြင့် ဈေးချိုသော Andriod ဖုန်းများမှာလည်း အလုံးအရင်းဖြင့် တိုးတက်လာခဲ့ကြောင်း Strategy Analytics က ပြောကြားခဲ့သည်။

ဖင်လန်၏ Nokia မိုဘိုင်းဖုန်းသည် တရုတ်စမတ်ဖုန်းဈေးကွက်တွင် ၂၈ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားပြီး တရုတ်တိုင်ပေ၏ HTC က ၂၄ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားသည်။

Ref: AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com