ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 24, 2011

သရုပ်ဆောင်/ အဆိုတော်Justin Timberlake ရဲ့ဇာတ်ကားသစ်

LuZawHan-1

မကြာသေးခင်ကာလတုန်းက ‘ပေါက်’ခဲ့တဲ့ အချစ်၊ဟာသဇတ်မြူးEasy A ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Will Gluck ကFriends With Benefitsဆိုတဲ့ အချစ် ဟာသဇာတ်မြူး ဇာတ်ကားကို ထပ်မံတင်ဆက်လိုက်ပါပြီ။ ဒီဇာတ် ကားမှာ သရုပ်ဆောင်အဆို တော် ထင်ရှားတဲ့Justin Timberlake နဲ့ Black Swan ဇာတ်ကားမှာ လူသိ များလာတဲ့ တက်သစ်စ မင်း သမီးMila Kunis တို့က ခေါင်း ဆောင် ပါဝင်ထားပြီးWoody Harrrelson ,Emma Stone (Easy A ရဲ့ ခေါင်းဆောင် မင်းသမီး)နဲ့ Patricia Clarkson တို့လို သရုပ်ဆောင် အင်အားတွေနဲ့ ဝန်းရံအားဖြည့် ထားပါတယ်။ ပေါ့(ပ်) အဆိုတော်အဖြစ်ရော၊ ရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါ ထင် ရှားတဲ့Justin TimberlakeဟာDisney ရုပ်သံဇာတ်လမ်းတွဲThe New Mickey Mouse Club မှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာ လောကထဲရောက်ရှိလာခဲ့သူပါ။ Timberlake
ဟာ အဲဒီဇာတ်လမ်း တွဲမှာ အတူတွဲဖက် သရုပ်ဆောင် တဲ့JC Chasez အပါအဝင် တခြားသူငယ်ချင်းတွေနဲ့အတူN Sync ဆိုတဲ့ boy band တစ်ခုကိုတည်ထောင် ပြီး အောင်မြင်မှုရရှိခဲ့ ပါသည်။ ၂ဝဝ၂ မှာတော့N Sync ကနေ ခွဲထွက်ပြီး သူ့ရဲ့တစ်ကိုယ် တော်album Justified ကို ထုတ်ဝေပြီး ဂီတလောကမှာ အောင် မြင်တဲ့ ကြယ်ပွင့် ညတစ်ပွင့် ဖြစ်လာခဲ့ ပါတယ်။ ဂရမ်မီဆု (၆)ဆုနဲ့Emmy ဆု (၂) ဆုရရှိဖူးတဲ့Timberlake ဟာ ရုပ်ရှင်သရုပ်ဆောင် အဖြစ် လည်း ထင်ရှားသူဖြစ် ပြီး လော လော ဆယ် မှာ တေးထုတ် လုပ်ရေး တစ်ခု၊ ဖက်ရှင်ကုမ္ပဏီတစ် ခုနဲ့ စား သောက်ဆိုင်နှစ်ဆိုင်တို့မှာ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ရင်း အနုပညာ လောကထဲမှာ ကျင်လည်နေပါ တယ်။
သူငယ်ချင်းနှစ်ဦးရဲ့ သူငယ် ချင်းထက်မကတဲ့ သံယောဇဉ်ဇာတ် လမ်းကို ပုံဖော်ထားတဲ့ အချစ်ဟာသ ဇာတ်မြူးFriends With Benefits ဇာတ်ကားသစ်မိတ် ဆက်ပွဲကို တက် ရောက်လာတဲ့ Timberlake ကို Flick Sand Bits မီဒီယာက အခု လိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီဇာတ်ကားမှာWoody Harrelson နဲ့ တွဲဖက်သရုပ်ဆောင် ထားတာ အရမ်းအတွဲညီတာပဲ။ အပြင်က ဆက်ဆံရေးကလည်း ဒီ အတိုင်းပဲလား။ဟုတ်ပါတယ်။Woodyက တကယ်တော်ပါတယ်။ သူက ဟာသလိုင်းဘက်မှာ တကယ် ကို ပြောင်မြောက်ပါတယ်။ သူ့ဇာတ် ကောင်စရိုက်က ဇာတ်ကားအတွက် အရေးပါတဲ့ နေရာမှာရှိပါတယ်။ သူ မိန်းမလျာအဖြစ် သရုပ်ဆောင်တာ တကယ်ပီပြင်ပါတယ်။ အပြင်မှာ လည်း ကျွန်တော့်မှာ သူငယ်ချင်းတွေ အများကြီးပါ။ မိန်းမလျာတွေလည်း အပါအဝင်ပေါ့။ တကယ့်သူငယ် ချင်းသက်သက်ပါ(ဟဲဟဲ)။ အဲဒီ အတွေ့အကြုံတွေ ကို ဇာတ်ကားထဲ ထည့်ပြီး တင်ဆက်ပြချင်လို့ ဒါရိုက် တာ Will Gluck နဲ့ ကျွန်တော် တိုင်ပင်ပြီးWoody ရဲ့ ဇာတ် ကောင်စရိုက်ကို ပုံဖော်ခဲ့ကြတာပါ။ ယောက်ျားတွေ၊ မိန်းမတွေ၊ ယောက်ျားလျာတွေ၊ မိန်းမလျာတွေ ဆိုတဲ့ အရေခွံတွေကို ဖယ်လိုက်ရင် လူလူချင်း ခင်မင်ရင်းနှီးမှု(ဝါ) သူ ငယ်ချင်းစိတ်ဓာတ်ဆိုတာ ရှိပါ တယ်။ ဒါကို ပေါ် လွင်အောင် ပြချင် တာလည်း ပါပါတယ်။ ဘာပဲ ဖြစ် ဖြစ် ဒီဇာတ်ကောင်နေရာမှာWoody နဲ့သာ အလိုက်ဖက်ဆုံးလို့ ကျွန်တော်ယုံကြည်ပါတယ်။Will Gluck နဲ့ အလုပ် တွဲလုပ် ရတာကော ဘယ်လိုလဲ။သူ့ကို ကျွန်တော်အကြိုက်ဆုံး အချက်ကတော့ ပွင့်လင်းလွန်းတာ ပဲ။ အလုပ်လုပ်ရင် သူကအားမနာ တတ်ဘူး။ မကောင်းရင် ချက်ချင်း ပြန်ရိုက်ခိုင်းတာပဲ။ ဒီဇာတ်ကားကို ဖန်တီးတဲ့နေရာမှာ ကျွန်တော်တို့ အားလုံးကHepburn and Tracy ဇာတ်ကား ရဲ့ လွှမ်းမိုးမှုတွေရှိနေကြ တယ်။ ဒီတော့ ရိုက်ကွင်းေ ပ်ါမှာ ခဏခဏနားတာတွေ တည်းဖြတ် တဲ့အခါ ခဏခဏတည်းဖြတ်တာ တွေ မဖြစ်ရအောင် ဇာတ်ဝင်ခန်း တစ်ခုကို အမှားအယွင်းနည်းနိုင် သမျှ နည်းအောင်သရု ပ်ေ ဆာင်ကြ တယ်။ မကောင်းမချင်း ထပ်ခါထပ် ခါပြန်ရိုက်ဖို့လည်း ဝန်မလေးကြဘူး။ Will ကလည်း ဇာတ်ဝင်ခန်းတစ်ခု ကို အမူအရာ နှစ်မျိုးသုံးမျိုးစီလုပ် ခိုင်းတယ်။ အဲဒီ အထဲကမှ အ ကောင်းဆုံးလို့ထင်တဲ့ သရုပ်ဆောင် ချက်တွေကိုပဲ သုံးတယ်။ Will အလုပ်လုပ်ပုံကအရမ်း စနစ်ကျ တယ်။ အကောင်းဆုံးဖြစ် အောင်လုပ်တယ်။ ရိုးသား တယ်။ အလုပ်နဲ့ ပတ်သက်ရင် အားမနာ ဘူး။ မကောင်းရင် မကောင်းဘူးလို့ ဗြောင်ဖွင့်ပြောတယ်။ အဲဒါ ကျွန် တော် ကြိုက်တဲ့ အချက်တွေပဲ။ ခင်ဗျားတို့က ရိုက်ကွင်းပေါ် မှာ အမြဲတမ်းကျီစယ်နေကြတယ် နော်။ ပွင့်လင်းမှုရှိလို့ ပိုပြီး အလုပ် တွင်တဲ့ သဘောလား။ဟုတ်မယ်Will ရယ်၊ Mila Kunis ရယ်၊ ကျွန်တော်ရယ် သုံးယောက်က တော်တော်အစ အနောက်သန်ကြတယ်။ ပြီးတော့ ဒီ ကားအတွက် ရီဟာဇယ်သရုပ် ဆောင်ဖို့အချိန်တွေလည်း အမြောက်အမြားရခဲ့ကြတယ်။ တခြားဇာတ်ကားတွေမှာ ထက်ကို ထူးထူးခြားခြား အချိန်ပိုရခဲ့ကြ တယ်။ ဆွေးနွေးမှုတွေလည်း အများကြီးလုပ်ခဲ့ကြတယ်။ အားလုံး က နွေးထွေးပျူငှာပြီး ဟာသဥာဏ် လည်း ရွှင်ကြတယ်။ အထူးသဖြင့် အဓိက ဇာတ်ကောင်နှစ်ယောက်က ဟာသဥာဏ်ရွှင်တဲ့ ဇာတ်ရုပ်တွေ ပေါ့။ ဇာတ်ကားအစက အဆုံး ဟာသ ပြက်လုံးတွေနဲ့ ပြည့်နေ တယ်။Hepburn and Tracy ဇာတ် ကားအကြောင်းပြောခဲ့တယ်နော်။ ဒီဇာတ်ကားက အဲဒီ ဇာတ်ကားကို မှီငြမ်းထားတာလား။Will ကတော့ အဲဒီဇာတ်ကားနဲ့ လွှမ်းမိုးမှု တော်တော်ရှိတယ်။ ဒါပေမဲ့ လိုက်တုထားတာမျိုးတော့ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ် ယောက်ကျီစယ်တာတွေ၊ ဆက်ဆံ ရေးတွေမှာ ဘယ်လိုခံစားချက်မျိုး ထားရမယ်ဆိုတာလောက်ပဲ မှီငြမ်း ခဲ့ကြတာပါ။ ဒီဇာတ်ကားနှစ်ကား စလုံးက အရည်အသွေးတူ၊ ပုံစံတူ ဇာတ်ကားဖြစ်ပါတယ်။ ကိုယ်ပိုင် ဟန် ကိုယ်စီနဲ့ပေါ့။ ဇာတ်လမ်း ကလည်း ဆွဲဆောင်မှု ရှိပါ တယ်။ အဓိက ဇာတ်ကောင်နှစ်ယောက် က တစ်ယောက်အတွက် တစ် ယောက်က အရေးပါကြပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ယောက်က တစ် ချိန်လုံး နောက်ပြောင်လိုက်၊ သတ် လိုက်နဲ့ လုံးချာလည်လိုက်နေတာ ပေါ့။ ဒီဇာတ်ကားဟာ ကျွန်တော်တို့ မျိုးဆက်ရဲ့ ခေတ်အခြေအနေ အ လိုက် အလွဲလေးတွေ၊ ဟာသလေး တွေကို တင်ဆက် ထားပါတယ်။ ကျွန်တော်တို့မျိုးဆက်ကို ကိုယ် စားပြုတဲ့ အချစ်၊ ဟာသဇာတ်မြူး လေးပေါ့။
လူဇော်ဟန်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com