ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, December 8, 2011

ထားဝယ်ဒေသ၌ သစ်တောပြုန်းတီးမှုများ မြင့်တက်လာသည့်အတွက် တနင်္သာရီမြစ်ကြောင်းပြောင်းလဲမှု ဖြစ်ပါ်

b36_05
တင်္နသာရီမြစ်ဖျားပိုင်းတွင် ကုန်စည်တင်ဆောင်နေသော လှေတစ်စင်း

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ဒေသတွင် သစ်တောပြုန်းတီးမှုများ မြင့်တက်လာသည့်အတွက် ယင်း၏ သက်ရောက်မှုအနေဖြင့် တနင်္သာရီမြစ်ကြောင်းပြောင်းလဲမှု ဖြစ်ပေါ်လာနေကြောင်း သတင်းရရှိသည်။

''ထားဝယ်မြို့ရဲ့ မြောက်ဘက်က သစ်အတော့်ကိုထုတ်လိုက်ပြီ။ ထားဝယ် မြောက်ဘက်မှာ သစ်တောတွေ တော် တော်များများ ပါသွားပြီ။ အဲဒီရဲ့ အကျိုးဆက်က တနင်္သာရီ မြစ်ကြီးပဲ။ ဒီမြစ်က မြန်မာနိုင်ငံထဲမှာပဲ ဖြစ်ပေါ် တယ်။ တနင်္သာရီဒေသမှာ တည်ရှိတဲ့ မြစ်ဖြစ်တယ်။ သဘာဝအားဖြင့် တန်ဖိုးရှိတယ်။ အဲဒီအရပ်ဒေသက လူတွေဟာ အဲဒီမြစ်ကို မှီပြီးမှ စိုက်ပျိုးလို့၊ စားသောက်လို့ ရတယ်။ သား၊ ငါး ရတယ်။ သယ်ယူပို့ဆောင်ရေး လမ်းပန်းအတွက် အကျိုးကျေးဇူးရှိတယ်။ ချောင်းတွေ၊ မြောင်းတွေမှာ ပုစွန်ထုပ်ကြီးတွေကအစ အဲဒီဒေသတွေမှာ ပေါ လျံနေတယ်။ ဒါပေမယ့် အခုသစ်တောကြီးတွေ ခုတ်ပစ်လိုက်တော့ ရေဟာ မတန်တဆ တိမ်လာ တယ်''ဟု ထိုင်းနိုင်ငံရှိ WWF International မှ စီမံကိန်းအရာရှိ ဦးတင်သန်းက ပြောပြသည်။ မြန်မာနိုင်ငံ တောင်ပိုင်းတွင်ရှိသော တနင်္သာရီတိုင်းဒေသကြီးသည် အခြားဒေသများနှင့် နှိုင်းယဉ်ပါက၊ အရည်အသွေးကောင်း သစ်တောများ ကျန်ရှိနေသေးသည့် ထိန်းသိမ်းသင့်သော ဒေသတစ်ခုဖြစ်နေကြောင်း သိရှိရသည်။


တနင်္သာရီမြစ်ရေ တိမ်လာတယ်။ တိမ်လာတဲ့အခါမှာ အဲဒီအနီး အနားမှာရှိကြတဲ့ ရွာကြီးတွေက နည်းနည်းစိုးရိမ်လာတယ်။ သူတို့မှာ ရေလုံလောက်ပါ့မလား။ သစ်တွေ တောင်ပေါ်က ခုတ်ချလိုက်ရင် မြေဆီလွှာက ပျက်စီးတယ်။ မိုးရွာရင် ပြိုကျတာပေါ့။ အခုကို မြစ်ရေက တိမ်လာပြီ . . .

တနင်္သာရီဒေသတွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဆက်စပ်လျက် တည်ဆောက်ရေးလုပ်ငန်းများကြောင့် သစ်တောပြုန်းတီးမှုများအပြင် တရားဝင် သစ်ထုတ်ခွင့်ပေးမှုများ၊ တရားမ၀င် သစ်ထုတ်လုပ်နေမှုများ၊ ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရေးတို့အတွက် စိုက်ပျိုးမြေရယူရန် မြေနေရာချဲ့ထွင်မှုအတွက် သစ်တောရှင်းလင်းမှုများရှိနေကာ အခြားဒေသများနှင့်စာလျှင် သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ကောင်းမွန်သေးသောဒေသ၌ ပျက်စီးပြုန်းတီးမှုများ ဖြစ်ပေါ်လာနေသည်ဟု သိရှိရသည်။

သစ်တောများ ပြုန်းတီးလာခြင်း သည် မိုးရွာသွန်းပါက မြေဆီလွှာကို ထိန်းသိမ်းနိုင်သော အစွမ်းများမရှိတော့သည့်အတွက် မြေဆီလွှာများ မြစ်ချောင်းများအတွင်း တိုက်ရိုက်ရောက်ရှိမှု မြင့်တက်လာစေကာ မြစ်ကြောင်း ပြောင်းလဲမှုများ၊ မြစ်တိမ်ကောမှုများကို ဖြစ်ပေါ်လာစေသည်။ မြစ်ကြောင်းပြောင်းလဲမှု၊ မြစ်တိမ်ကောမှုများ ဖြစ်ပေါ်လာရာတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များလည်း ပါဝင်နေပြီး မြေဆီလွှာပြုန်းတီးမှု၊ သစ်တောပြုန်းတီးမှုများကြောင့် ဖြစ်ပေါ်လာကာ ယခုနှစ်ပိုင်းအတွင်း အခြားသော မြစ်ငယ်များတွင်လည်း ကြုံတွေ့လာရသည်ဟု သိရှိရသည်။

''တနင်္သာရီမြစ်ရေ တိမ်လာတယ်။ တိမ်လာတဲ့အခါမှာ အဲဒီအနီးအနားမှာရှိကြတဲ့ ရွာကြီးတွေက နည်းနည်းစိုးရိမ်လာတယ်။ သူတို့မှာ ရေလုံလောက်ပါ့မလား။ သစ်တွေ တောင်ပေါ်က ခုတ်ချလိုက်ရင် မြေဆီလွှာက ပျက်စီးတယ်။ မိုးရွာရင် ပြိုကျတာပေါ့။ အခုကို မြစ်ရေက တိမ်လာပြီ။ တနင်္သာရီဘက်က တောတွေကို အစိုးရအသိအမှတ်ပြုတဲ့ ဧရိယာရနိုင်မယ်ဆိုရင် ပိုကောင်းတယ်''ဟု ဦးတင်သန်းက သုံးသပ်ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com