မာယာလူမျိုးတို့၏ တော်တူဂွေရိုဘုရားကျောင်းတွင် တွေ့ရသော ကျောက်စာနှင့်ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဟု ဖော်ပြထားသည်ဟု ယူဆကြခြင်းမှာ အဓိပ္ပာယ်ကောက် လွဲခြင်းသာဖြစ်ကြောင်း ပညာရှင်များ က လေ့လာဖော်ထုတ်ခဲ့သည်ဟု သိရသည်။
ကျောက်စာတွင် စစ်ပွဲနှင့်တမ လွန်ကမ္ဘာနှင့်ဆက်စပ်သော မာယာလူမျိုးတို့၏ နတ်ဘုရားဘိုလွန်ယော့ခ်တီ ကောင်းကင်မှဆင်းသက်လာမည် ဟု ဖော်ပြထားရာ ယင်းကိုကမ္ဘာပျက်မည့်နိမိတ်အဖြစ် အဓိပ္ပာယ်ကောက် လွဲခြင်းသာဖြစ်သည်ဟု ဂျာမနီမှ ရှေးဟောင်းဘာသာစကား လေ့လာ သူပညာရှင်တစ်ဦးက ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ စင်စစ်တွင် ဘိုလွန်ယော့ခ်တီနတ်ဘုရားမှာ အပြောင်းအလဲကိုလည်း ကိုယ်စားပြုနေသည်ဟု သိရသည်။
ကျောက်စာမှာ အဆုံးတွင်ဖတ်မရနိုင်အောင် ကျိုးပဲ့နေသော်လည်း ဖတ်၍ရနိုင်သော အပိုင်းများအရ ကမ္ဘာပျက်မည်ဟု ရည်ညွှန်း ချက်လုံးဝမပါရှိကြာင်း ပညာရှင်ဆဗင်န်ဂရိုနီမေယာက သုံးသပ်ခဲ့သည်။ မာယာလူမျိုးတို့၏ ပြက္ခဒိန်မှာ ခရစ်နှစ် ၂၀၁၂ ခုနှစ်တွင် အဆုံး သတ်နေခြင်းမှာလည်း ကမ္ဘာပျက်မည်ဆိုသော သဘောမဟုတ်ဘဲ ခေတ်သစ်တစ်ခုသို့ အကူးအပြောင်းကိုသာ ရည်ညွှန်းထားခြင်းဖြစ် ကြောင်း ဖော်ထုတ်ခဲ့သည်။
မာယာလူမျိုးတို့၏ ယဉ်ကျေးမှု ထွန်းကားခဲ့ရာ ယနေ့ခေတ်မက္ကဆီကိုမှ ရှေးဟောင်းသုတေသနဌာနသည် ပြီးခဲ့သည့်အပတ်တွင် မာယာ လူမျိုးတို့၏ မှတ်တမ်းများတွင် ၂၀၁၂ နှင့်ပတ်သက်ပြီး ရည်ညွှန်းမှုပါရှိသော ကျောက်စာတစ်ခု နောက်ထပ်တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ခဲ့ခြင်းကြောင်း လူအများ ယုံထင်ကြောင်ထင်ဖြစ်ခဲ့ရအပြီးတွင် မာယာရေးရာ ကျွမ်းကျင်သူ ပညာရှင်များ တွေ့ဆုံစည်းဝေးခဲ့ကြပြီး ဂရိုနိုမေယာက ယခုကဲ့သို့ ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။ မာယာနတ်ဘုရား ဘိုလွန်ယော့ခ်တီသည် အနှစ် ၄၀၀ စက်ဝန်း၏ ၁၃ ခုမြောက်တွင် ပြန်လာ မည်ဟု ဖော်ပြထားခြင်းသာဖြစ်ပြီး ယင်းမှာ ခရစ်နှစ်အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ကျရောက်သည်။ မာယာလူမျိုးတို့သည် ၁၃ ဂဏန်းကို မြင့်မြတ်သော ဂဏန်းအဖြစ်သာ ယူဆကြသည်။
ယင်းစာသားများမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ က ထွင်းထိုးခဲ့ခြင်းဖြစ်ပြီး ဘီစီ ၃၁၁၃ ခုနှစ်နှင့် ညီသောကာလကစတင်သည့် မာယာ လူမျိုးတို့၏ ပြက္ခဒိန်အရ ၅၁၂၅ နှစ် စက်ဝန်းပြည့်ခြင်းသာဖြစ်ကြောင်း ဂရိုနိုမေယာက သုံးသပ်သည်။ ယင်းစာများမှာ လူသားမျိုးနွယ်ပျက်သုဉ်းခြင်းနှင့် သက်ဆိုင်ခြင်းမရှိဟုလည်း ဆွေးနွေးပွဲတွင် ပညာရှင်များက သုံးသပ်ဆွေးနွေးခဲ့ကြသည်။
Ref: Daily Mail












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်