ရှင်းရှင်းပြောရ ရင် အနုပညာ လောကရဲ့ လို အပ်ချက်ကိုဖြည့် ဆည်းကြမယ်ဆို တဲ့ရည်ရွယ်ချက် နဲ့ အနုပညာ ပျိုးခင်းဆိုပြီး Title လေး ထုတ်ပြီးစဉ်းစားတဲ့အ ချိန်မှာ ပထမဦးဆုံး လိုအပ်နေတာ မင်းသမီး အင်အားပေါ့နော်။ အရည်အချင်းရှိပြီး တကယ် ပရိသတ် လက်ခံအားပေးနိုင်တဲ့မင်းသမီးပေါ့။ လက်ချိုး ရေတွက်ရင် လေးငါးခြောက် ယောက် ပဲရှိတယ်။ တကယ်ကြိုးစား နေတဲ့ အလုပ်လုပ် နေတဲ့ အနုပညာလမ်းမှာ လျှောက်လှမ်းနေတဲ့ မင်းသား ၁၄ ယောက်၊ ၁၅ ယောက်လောက်ရှိ တယ်။ ဒီပေါ်မှာ မင်းသမီး မမျှတ မှုတွေဖြစ်တဲ့ အခါ မင်းသမီး တွေက ကျွန်တော်တို့ကို အားနာပြီး ရိုက်ပေးရ တယ်။ မင်းသမီး တင်မယ်ဆိုလည်း စာ ချုပ် စာတမ်းနဲ့ တကယ့် ကိုဖြစ်ဖြစ် မြောက်မြောက် တင်မယ်။ ကျွန်တော် တို့တွေလည်း တာဝန်ကြီးတယ်။ အနု ပညာလောက ကောင်းဖို့အတွက် ပရိုဂျူ ဆာ တွေနဲ့ညှိနှိုင်းပြီးတော့ မင်းသမီးတွေ၊ သရုပ်ဆောင် တွေတင်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တင်တဲ့သဘောပါပဲ။ ဒီလောကအတွက် ပဲစဉ်းစား တာပါ။ အခုသူတို့ကို choice လုပ်ပြီး တင်တော့လည်း လောကပိုလှပလာတာပေါ့။
ပျိုးခင်းဆိုတာ သူ့အလိုလိုရှိလာတာမဟုတ်ပါဘူး။ ဒီပျိုးခင်း လှပအောင် ဥယျာဉ်မှူး ဆိုတာလိုအပ် တယ်။ ဖူးပွင့်လာမယ့် အသီးအပွင့်တွေကို အနုပညာ တလောကလုံးခံစားခွင့်ရှိတယ်။ နှစ်နှစ်အတွင်းမှာတော့ ကျွန်တော်တို့ ဒီက လေးတွေကိုတွဲခေါ်သွားဖို့ တော့ရှိတာပေါ့။ ရည်ရွယ်ချက် ကတော့ ဒီလောကအတွက် လုပ်တာပါ။
MMS












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်