ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, March 23, 2012

တစ်ပတ်စာ သင်၏ကံဇာတာ ( ၂၀၁၂ မတ်လ ၂၃ ရက်မှ ၂၉ ရက်အထိ )


မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


၂၆ ရက်၊ ၂၉ ရက်နေ့များ နေရေး ထိုင်ရေးကိစ္စများနှင့် လုပ်ငန်းဌာနကိစ္စရပ်များ ဆောင်ရွက်အဆင်ပြေလိမ့်မည်။ ဆောက်လုပ် ရေးနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ၀င်ငွေတိုးမည်။ အလုပ်အကိုင် အကြံအစည်များ ပွင့်လန်းတိုးတက်နေမည်။ ခံစားနေရသည့် ရောဂါဝေဒနာများ သက်သာပျောက်ကင်းလိမ့် မည်။ အစုစပ်လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်သလို အိမ်ထောင်ရေး သာယာချမ်းမြေ့မှု လည်း ရရှိလိမ့်မည်။
ယတြာ-မွေးနံထောင့်၌ ရင်ပြင်တော်သန့်ရှင်းရေး ဆောင်ရွက်ပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


၂၄ ရက်၊ ၂၉ ရက်တို့ ကံပွင့်လန်းနေ မည်ဖြစ်သည်။ သင်တန်းစတင်တက်ရောက်ခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း၊ အဆက်အသွယ် ကောင်းရှာဖွေခြင်းတို့ ပြုလုပ်သင့်၏။ ငွေကြေးကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်နိုင် မည်။ မျက်စိနှင့် နားရောဂါများ သက်သာပျောက်ကင်းနိုင်ချိန်ဖြစ်သည်။ သစ်အချောထည် နှင့် ပရိဘောဂလုပ်ငန်းများ ပိုမိုအကျိုးပေးကောင်းမွန်လာမည်။ အစုစပ် လုပ်ငန်းမစတင်သင့် သေး။
ယတြာ - တရားစာအုပ်များ ဓမ္မဒါနပြုပေးပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


ယေဘုယျကံကောင်းသည့် ရက်များဖြစ်သည်။ ငွေကြေးဆိုင်ရာ ကိစ္စများ စီမံဆောင်ရွက်ရာ၌ ပိုမိုထိရောက်အောင်မြင် မည်။ ပြောဆိုညှိနှိုင်းဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာ ငွေပေးငွေယူကိစ္စများလည်း အဆင်ပြေမည်။ အနာဂတ်အကျိုးရှိမည့် လုပ်ငန်းသစ်များ ပေါ်ပေါက်ဆောင်ရွက်ရတတ် ချိန်ဖြစ်သည်။ မည်သည့် ယာယီအရောင်းအ၀ယ်လုပ်ငန်းမဆို အကျိုးအမြတ်ရှိ၍ လိုအင် ဆန္ဒပြည့်ဝလိမ့်မည်။
ယတြာ - သောကြာထောင့်၌ သစ်သီးဆွမ်းကပ်လှူပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


တစ်ပတ်လုံး ကံကောင်း သည့် နေ့ရက်များဖြစ်သည်။ ငွေကြေးဆိုင်ရာ အကျိုးအမြတ်ရှိစေမည့် အကြံအစည် သစ်များ စတင်ဆောင်ရွက်နိုင်လိမ့်မည်။ အဓိကလုပ်ငန်းများမှ အမြတ်အစွန်းဆက်လက် တည်တံ့ ခိုင်မြဲနေမည်။ စက်ရုံ၊ စက်ပစ္စည်းနှင့် စက်တပ်ယာဉ်တို့မှ ကံကောင်း၍ အကျိုးပေးလိမ့်မည်။ ပိုမိုကောင်းမွန်သည့် နေထိုင်မှုအဆင့်အတန်းသို့ တက်လှမ်းနိုင်သော အခွင့်အရေးကောင်းများ ရရှိနိုင်တော့မည်။
ယတြာ - ဗုဒ္ဓဟူးထောင့်၌ ကြေးဆည်းလည်းတစ်လုံး ကပ်လှူပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


ယေဘုယျကံကောင်းနေသည့် ရက်များဖြစ်သည်။ ရင်းနှီးမြှုပ်နှံသလောက် အကျိုးအမြတ်ပေါ်ထွက်လာနိုင်သည်။ လုပ်ငန်း လက်ကျန်ငွေများ၊ လက်လွန်ငွေများ ပြန်လည်တောင်းခံရရှိတတ်ချိန်ဖြစ်သည်။ လျှောက် ထားသည့် ပင်လယ်ပြင်လုပ်ငန်းများ အချိန်စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ သို့သော် ရပ်ဝေးသတင်းကောင်းများ ကြားရမည်။ မိဘဆရာသမားတို့၏ ပံ့ပိုးကူညီမှုရလိမ့်မည်။
ယတြာ - ဖျော်ရည်အမျိုးမျိုး လှူဒါန်းပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


၂၄ ရက်၊ ၂၉ ရက်တို့တွင် လုပ်ငန်းဆိုင်ရာ လိုအင်ဆန္ဒများ ပြည့်ဝလာမည်။ ညီအစ်ကိုသားချင်းများနှင့် ပူးပေါင်းဆောင်ရွက် မှုများ အောင်မြင်လိမ့်မည်။ ပင်လယ်ပြင်ဆိုင်ရာ လုပ်ငန်းများ၌ အကျိုးတူဆောင်ရွက်ချက် များ အဆင်မပြေနိုင်သေး။ ၀င်ငွေနှင့် စုဆောင်းငွေမူ ဆက်လက်တိုးပွားနိုင်ချိန်ဖြစ်သည်။ ခေတ်မီလျှပ်စစ်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ နိုင်ငံခြားသုံးငွေများ အကျိုးပေးနေ မည်ဖြစ်သည်။
ယတြာ - စာအုပ်နှင့် စာရေးကိရိယာများ လှူပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


အစုစပ်လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်မှုများ အဆင်ပြေအကျိုးရှိနေမည်။ မည်သည့်သံတမန်ရေးရာ ကိစ္စနှင့် ကြားဝင် စေ့စပ်ဖျန်ဖြေမှုမဆို အောင်မြင်မှုများ ရနိုင်ပေသည်။ အိမ်ထောင်ရေး သာယာနေပြီး အိမ်ထောင်ဖက်ကြောင့် လိုအင် ဆန္ဒပြည့်ဝလိမ့်မည်။ ကိုယ်ရေးကိုယ်တာကိစ္စများ အဆင်ပြေမည်။ ဂုဏ်သိက္ခာတိုးမည်။ ကျန်းမာရေးကောင်းမည်။
ယတြာ - ဆေးဝါးဓာတ်စာလှူဒါန်းပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


၂၆ ရက်၊ ၂၉ ရက်တို့ ကုသိုလ်ကံအထူးပွင့်လန်းနေမည်။ မိဘကြောင့် ကြီးပွားတိုးတက်အောင်မြင်မှုများ ရရှိတော့မည်။ လုပ်ငန်းဆိုင်ရာ အထက်အကြီးအကဲတို့နှင့် ပိုမိုအဆင်ပြေလာမည်။ ငွေကြေး အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်ရာ၌ မျှော်မှန်းသလိုဖြစ်လာလိမ့်မည်။ ကြွေးမြီများ ပြေလည်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၀င်ငွေတိုးရန် အခြေအနေ ကောင်းများလည်း ပေါ်ပေါက်လာမည်။
ယတြာ - ရာဟုထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


ငွေကြေးကိစ္စ များ ၂၉ ရက်နေ့တွင် အဆင်ပြေအောင် ဆောင်ရွက်နိုင်လိမ့်မည်။ နိုင်ငံရပ်ခြား ကုန်သွယ် မှု၊ နိုင်ငံရပ်ခြားခရီး ဆက်လက်အကျိုးပေးနေမည်။ မိမိ၏ လုပ်ငန်းကျွမ်းကျင်မှုကြောင့် အကျိုးအမြတ်နှင့် လိုအင်ဆန္ဒများ ပြည့်ဝလိမ့်မည်။ နှောင့်နှေးကြန့်ကြာနေသည့် အဓိက လုပ်ငန်းကိစ္စများ ပြီးပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ ရေလုပ်ငန်းနှင့် ရေလမ်းကုန်သွယ်မှု ပြန်လည်စတင်အကျိုးပေးလာမည်။
ယတြာ - တနင်္လာထောင့်၌ ဘက်စုံပြုပြင်ရန် အလှူငွေထည့်ပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


အစုစပ်လုပ်ငန်း များနှင့်ပတ်သက်၍ ၂၄ ရက်နေ့တွင် ဦးစားပေးဆောင်ရွက်သင့်၏။ ညီအစ်ကိုသားချင်းများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေမည်။ ပိုမိုကောင်းမွန်သည့် လုပ်ငန်းအဆက်အသွယ် ကောင်းများ ရရှိလာနိုင်သည်။ မိမိကျွမ်းကျင်တတ်မြောက်သည့် လုပ်ငန်းနယ်ပယ်၌သာ တစ်စိုက် မတ်မတ်လုပ်ကိုင်ဆောင်ရွက်သင့်၏။ အဓိကအသက်မွေးဝမ်းကျောင်း အလုပ်နည်းလမ်း အသွယ်သွယ်ဖြင့် အဆင်ပြေတိုးတက်လာမည်။
ယတြာ-ဆန်၊ ဆီ၊ ဆေးဝါး လှူဒါန်းပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


အစုစပ်လုပ်ငန်း များမှ ၀င်ငွေတိုးလာနိုင်သည်။ မိမိ၏ သတ္တိဗျတ္တိကြောင့် တာဝန်ယူဆောင်ရွက်သည့် အလုပ်များ အောင်မြင်ပြီး မြောက်မည်။ အသင်းအဖွဲ့တို့၌ တရားဝင်ပြောရေးဆိုခွင့်ရရှိ လာမည်။ အိမ်ထောင်ဖက်ကြောင့် မိသားစုဝင်ငွေနှင့် စည်းစိမ်ချမ်း သာတိုးမည်။ ရပ်ဝေး သတင်းကောင်းကြားရမည်။ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရာ၌ အောင်မြင်မှု ပိုမိုရရှိလာ မည်။ နယ်စပ်ကုန်သွယ်မှုတိုးချဲ့ပြုလုပ်သင့်၏။
ယတြာ - မျက်နှာသုတ်ပ၀ါနှင့် သွားတိုက်ဆေးများ လှူပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


ပြောဆိုဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေမည်။ အနာဂတ်အကျိုးရှိမည့် စာချုပ်စာတမ်းသစ်များ ချုပ်ဆိုရလိမ့်မည်။ ၀င်ငွေနှင့် အကျိုးအမြတ်ဆက်လက်တိုးပွားနိုင်သည်။ အသိပညာ၊ အတတ်ပညာတို့ ထပ်မံလေ့လာ ဆည်းပူးရာ၌ ထိရောက်အောင်မြင် နေမည်။ သူတစ်ပါးအားကိုးရသည့် အစုစပ်လုပ်ငန်းများ မဆောင်ရွက်သင့်သေး။ မမျှော်လင့်ဘဲ ကျောက်မျက်နှင့် သယံဇာတ ရှာဖွေတူးဖော်မှုတို့၌ အထူးကံကောင်းနိုင်သည်။
ယတြာ - အ၀တ်အထည်စသည် ဒါနပြုပေးပါ။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com