ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, March 24, 2012

မူပိုင်ဇာတ်လမ်း၊ မူပိုင်ပလော့ ဖြစ်ရမယ်ဆိုတဲ့ မူတစ်ခုက ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံမှာ ဖြစ်ကိုဖြစ်ရတော့မယ် ဒါရိုက်တာဝိုင်း

Share
မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါမှာ အသံပိုင်းကိုအဓိကထားတာ သိပ် မတွေ့ရကြောင်း ‘Made In Heart’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပေးနေတဲ့ ဒါရိုက်တာဝိုင်းက ပြောပြပါတယ်။ ”အရေးကြီးတာကတော့ အသံကြောင့် ဇာတ်တစ်ဇာတ်ဆိုတာ ဖြစ်လာတဲ့အတွက် အသံတွေ မကောင်းရင်တော့ အရုပ်ထွက် ဘယ်လောက် ကောင်းကောင်း၊ ကွာလတီ ဘယ်လောက်မြင့်မြင့် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အမှန်တကယ်ဆိုရင် ဇာတ်ကားရိုက်ရက် တွေကလည်း ရက် ၂ဝ မဟုတ်ဘဲ နဲ့ ရက် ၃ဝလောက်ကို ဖြစ်သင့်နေပြီ။ Post Recording တွေကိုလည်း ရက်သီးသန့်ပေးပြီးတော့ စတူဒီယိုထဲမှာ လုပ်သင့်နေပြီ။ ဒါတွေက ပြောင်းလဲရတော့မယ့် အရာတွေပါ။ တတ်နိုင်သလောက်ကို လုပ်ရမယ်။ ဒါ အစ်ကိုတို့တွေတင် မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်နေကြတာပါ။ ပြီးတော့ သူတို့ဆီမှာ Post Recording လုပ်ဖို့အတွက် ရက်သတ်သတ် တစ်ရက်ရှိတယ်” လို့ပြောပြပါတယ်။ မကြာခင်ကာလလောက်ကမှ ဆင်ဆာလျှော့ပေးထားတာ ဆိုတော့ အခုနောက်ပိုင်း ရိုက်ကူးရတာ အရင်ထက်ပို အဆင်ပြေလာပြီလား ဆိုတော့ ”ဆင်ဆာအပိုင်းတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်မလုပ်ဘူး။  ရှင်းရှင်းပြောရရင် ဆင်ဆာလျှော့ပေး လိုက်တဲ့ ၄ ချက်က တရားဝင်ဖြစ်ဖို့ လိုတယ်။ On Paper ပေါ်မှာ အဲဒါကို ‘မူ’တစ်ခုအနေနဲ့ ရှိကိုရှိမှရမယ်။ ပါးစပ်နဲ့တင်ပြောနေလို့ မပြီးဘူး” လို့ ပြောပါတယ်။ အဲဒါဆို လျှော့ပေးလိုက်တဲ့ ဆင်ဆာ တွေက သိပ်ပြီးတော့ အဆင်မပြေသေးတာ လားဆိုတော့” ဆင်ဆာတကယ် လျှော့ပေါ့ ပေးပြီဆိုရင် နောက်ကအရင်ဆုံး လုပ်ရမှာက ‘မူ’ပိုင်ခွင့်ပဲ။ ဆင်ဆာလျှော့ပေါ့ ပေးပြီးတော့ နိုင်ငံခြားကားတွေကို ခိုးရိုက်နေရင်တော့ ဖန်တီးမှုဥာဏ်ကတော့ ရှိတော့မှာ မဟုတ်ဘူး။ ကဲ ဟုတ်ပြီ။ မင်းတို့ တိုးတက်ချင် လို့ အော်နေကြတယ်။ မင်းတို့ကို ဆင်ဆာလွတ်လပ်ခွင့် ပေးပြီ။ ဒါပေမဲ့ မင်းတို့မူပိုင်ဇာတ်လမ်း၊ မူပိုင်ပလော့ ဖြစ်ရမယ်ဆိုတဲ့ ‘မူ’ တစ်ခုက ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ မှာ ဖြစ်ကိုဖြစ်ရ တော့မယ်။ သူများနိုင်ငံကနေ ခိုးချပြီး ငါတိုးတက်နေပြီလို့တော့ ပြောလို့မရဘူး” လို့ ဒါရိုက်တာဝိုင်းက ပြောပြခဲ့ပါတယ်။
ထက်လူလူ

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com