ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, May 29, 2012

အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စွမ်းအင်ရှာဖွေရေးတွင် အကျိုးတူပူးတွဲ လုပ်ကိုင်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း အိန္ဒိယ၀န်ကြီးချုပ် ပြောကြား

အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စွမ်းအင်ရှာဖွေရေးတွင် အကျိုးတူပူးတွဲ လုပ်ကိုင်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက မေလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပခဲ့သော India and Myanmar A partnership for progress and regional Development ပွဲတွင် ပြောကြားခဲ့သည်။

အလားတူ နှစ်နိုင်ငံအစိုးရများ လမ်းဖောက်လုပ်ရေး စီမံကိန်းအချို့တွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူထားကြောင်း အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံများသို့ ဆက်သွယ်ပေးမည့် သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို ၂၀၁၆ ခုနှစ်တွင် အပြီးဖောက်လုပ်နိုင်မည်ဟု မျှော်မှန်းထား ကြောင်း  ပြောကြားခဲ့သည်။

''အိန္ဒိယနိုင်ငံဟာ ကုလားတန် ဘက်စုံပို့ဆောင်ရေး စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ဒီစီမံကိန်းမှာ စစ်တွေဆိပ်ကမ်း အဆင့်မြှင့်တင်ရေးနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နဲ့ စီးပွားရေးအရ ဆက်ဆံမှု အလားအလာကို အပြည့်အ၀ အသုံးချနိုင်ဖို့အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးရမှာပါ။ နှစ်နိုင်ငံဘဏ်လုပ်ငန်းတိုးချဲ့ဖို့လည်း စီစဉ်နေပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံယူနိုက်တက်ဘဏ်က သူတို့ရဲ့ ကိုယ်စားလှယ်ရုံးကို မြန်မာပြည်မှာဖွင့်ဖို့ စီစဉ်နေပါတယ်''ဟု ဒေါက်တာမန်မိုဟန်ဆင်းက ပြောကြားခဲ့သည်။

ထို့အတူ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို ၂၀၁၅ ခုနှစ်၌ သုံးဘီလျံအထိ တိုးမြှင့်လာအောင် လျာထားကြောင်းနှင့် အမည်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့ရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။''

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံများသို့ ဆက်သွယ်ပေးမည့် သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို ၂၀၁၆ ခုနှစ်တွင် အပြီးဖောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း
အိန္ဒိယနိုင်ငံဟာ လယ်ယာထွက်ကုန်၊ ကျောက်မီးသွေးနဲ့ အခြားသတ္တုတွင်းထွက်တွေကို တိုးချဲ့တင်သွင်းနိုင်ပြီးတော့ အကြီးစား စက်မှုလုပ်ငန်းသုံးပစ္စည်းတွေ၊ ဓာတုဗေဒ ပစ္စည်းတွေ၊ ဆေးဝါးနဲ့ အထည်အလိပ်တွေကို တိုးချဲ့တင်ပို့နိုင်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အတူ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို အမြန်ဆုံး စတင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးရန် သဘောတူထားကြောင်း၊ စွမ်းအင်ကဏ္ဍတွင်မူ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်၊ မြန်မာနိုင်ငံ၏ မြောက်နှင့် အနောက်တောင်ဘက်တို့နှင့် ထိစပ်နေသော ဒေသများရှိ ရေနံသိုက်မှာ ဘူမိဗေဒဆိုင်ရာ မြေအနေအထားနှင့် တစ်ဆက်တည်းရှိနေကြောင်းနှင့် စွမ်းအင်ရှာဖွေရေးအတွက် ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့၏ နည်းပညာအကူ အညီပေးရေး အစီအစဉ်အရ မြန်မာနိုင်ငံအတွက် နှစ်စဉ်လေ့ကျင့်သင် ကြားပေးနေသည့် သင်တန်းသားဦးရေကို ယခင် ၂၅၀ ဦးမှ ၅၀၀ အထိ တိုးမြှင့်သင်ကြားပေးရန် ဆုံးဖြတ်ထားကြောင်း၊  မြန်မာနိုင်ငံ အိုင်တီတက္ကသိုလ် ထူထောင်ရေးနှင့်ပတ်သက်၍ လည်း သဘောတူစာချုပ်အား ၎င်း၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com