ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, May 29, 2012

 အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီတွင် နယ်ပယ်စုံမှပညာရှင်များနှင့် လုပ်ငန်းရှင်အချို့ ပါဝင်မည်

နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိသော လူမှုစီးပွားရေးဆိုင်ရာများအား အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေပြီး လျာထားစာရင်းအရ နယ်ပယ်စုံမှပညာရှင်များနှင့် လုပ်ငန်းရှင်အချို့ ပါဝင်လာနိုင်ကြောင်း သတင်းရရှိပါသည်။

''အစည်းအဝေးခေါ်ရင်တော့ သွားတက်ဖြစ်တယ်။ ဘယ်တော့ ဖွဲ့မယ်ဆိုတာနဲ့ ဘယ်သူတွေ ဘာတာဝန်ယူမယ်ဆိုတာ မသိပါဘူး။ အဖွဲ့ဝင်တွေထဲမှာလည်း အပြောင်းအလဲ ဖြစ်နိုင်သေးတယ်လို့ သိရတယ်''ဟု လျာထား စာရင်းတွင် ပါဝင်နေသည့် ဦးသန်းလွင် (ဒုဥက္ကဋ္ဌ၊ ကမ္ဘောဇ ဘဏ်လီမိတက်)က ပြောကြားခဲ့ပါသည်။

အကြံပေးအဖွဲ့ လျာထားစာရင်းတွင် ပါဝင်သူများမှာ ပါမောက္ခဦးမော်သန်း(ပါမောက္ခချုပ်(ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ ဦးတင်ထွဋ်ဦး(CEO- ARDC)၊ ပါမောက္ခဒေါ်ခင်စန်းရီ(တာဝန်ခံပါမောက္ခချုပ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်)၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ဦး ဆက်အောင်(နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်)၊ ဦးသန်းလွင်(ဒုဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လီမိတက်)၊ ဒေါက်တာကျော်ရင်လှိုင် (ဟောင်ကောင် တက္ကသိုလ်)၊ ဦးတင်မောင်သန်း(Myanmar Egrass)၊ ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်)၊ ဦးလှမောင်ရွှေ(ဒုဥက္ကဋ္ဌ -ကုန်သည်။စက်မှုအသင်းချုပ်)၊ ဦး သောင်းတင်(ဒုဥက္ကဋ္ဌ-ကုန်သည်။စက်မှုအသင်းချုပ်)၊ ဒေါက်တာဇော် ဦး(ဗဟုဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးကိုကို ကြီး(ဒိုင်းမွန်းစတားကုမ္ပဏီ)၊ ဦးသီဟန်မျိုးညွန့်(ဥပဒေပညာရှင်)၊ ဦးမိုး ကျော်(MMRD)၊ ဦးခင်မောင်အေး (ဥက္ကဋ္ဌ၊ သမ၀ါယမဘဏ်လီမိတက်) တို့ ပါဝင်ကြောင်း အကြံပေးအဖွဲ့ဝင် အချို့ထံမှ သိရပါသည်။

အဆိုပါ အကြံပေးအဖွဲ့ကို လွန်ခဲ့သော နှစ်လခန့်မှ စတင်ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပညာရှင်များကို ဖိတ်ကြားကာ အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ပြီးဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း အကြံပေးအဖွဲ့တွင် ပါဝင်လာနိုင် သည့် လျာထားစာရင်း ထွက်ပေါ်လာသော်လည်း အပြောင်း  အလဲရှိနိုင်ကြောင်းနှင့် မည်သည့်အချိန်တွင် တရားဝင်ဖွဲ့စည်းမည်ကိုလည်း မသိရှိရသေးကြောင်း လျာထားစာရင်းတွင် ပါဝင်သူအချို့ထံမှ သိရပါသည်။ လက်ရှိ၌ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ သုံးဖွဲ့ရှိပြီး ၎င်းတို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအဖွဲ့များ ဖြစ်ကြကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com