ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, June 2, 2012

နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံ ခရီးစဉ်ထပ်မံရွှေ့ဆိုင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အား အကြောင်းမညီညွတ်ပါသဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နှစ်နိုင်ငံ အဆင်ပြေမည့်အချိန်ကို ပြန်လည်ညှိနှိုင်း စီစဉ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များသို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ထိုင်းနိုင်ငံသို့ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များတွင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ခဲ့ပြီးမှ ယခုကဲ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com