ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, June 8, 2012

သင်္ဃန်းကျွန်း စံပြဈေးအနီး ကားလေးစီးဆင့်တိုက်မှုဖြစ်ပွား ယာဉ်နောက်လိုက်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ခရီးသည်တစ်ဦး ခြေထောက်ပြတ် ဒဏ်ရာရရှိ


၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်း စံပြဈေးအနီး ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ရာမှတစ်ဆင့် ကာလေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက်တစ်ဦး ပွဲချင်းပြီး သေဆုံးကာခရီးသည် တစ်ဦး ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ဒဂုံမြို့နယ်ဘက်မှ မောင်းနှင်လာသည့် တောင် ဒဂုံ-ဇ၀နသို့ ပြေးဆွဲသော ၆၂ ခရီးသည်တင်ယာဉ်သည် သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်အရောက်တွင် ဘရိတ်ပေါက်၍ ရှေ့တွင် ခရီးအတင်အချလုပ်နေသော သာကေတမှ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲသည့် ၆၃ ဒိုင်နာအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိခဲ့ပြီး အဆိုပါယာဉ်နှစ်စီးအပါအ၀င် အငှားယာဉ်တစ်စီးနှင့် ချယ်ရီကားတစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ၆၃ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ဖြစ်ပြီး ကားနှစ်စီးကြားတွင် ညပ်၍ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ပေါင်ပြတ်ဒဏ်ရာရရှိသူမှာလည်း အဆိုပါယာဉ်လိုင်းတွင် လိုက်ပါလာသော ခရီးသည်အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် ခရီးသည်များမှာ ပွန်းပဲ့ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

''၀ုန်းခနဲ အသံကြားလိုက်ရတယ်။ အော်သံတွေနဲ့ ဆူပွက်ကုန်တယ်။ လူတွေလည်း ၀ိုင်းအုံလာတယ်။ ၆၃ဒိုင်နာ စပါယ်ယာက ကားနှစ်စီး ကြားညပ်နေတယ်။  ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ဖို့အတွက် လူနာတင်ကားလည်း ရောက်မလားဘူး။ တက္ကစီလည်း ငှားလို့မရဘူး။ ဒါနဲ့ ယာဉ်ထိန်းရဲက ဒိုင်နာကားတစ်စီးငှားပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ပေးလိုက်ရတယ်''ဟု အခင်းဖြစ်ပွားရာ နေရာအနီးရှိ ပျံကျဈေးသည်တစ်ဦးက ပြောပါသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း နာရီဝက်ကျော်ကြာမှ အရေးပေါ်လူနာတင်ယာဉ် ကားတို့ရောက်ရှိလာခဲ့ကြောင်းနှင့် ၆၂ ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း အခင်းဖြစ်ပွားရာ နေရာအနီးရှိ သူများထံမှ သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com