ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, June 24, 2012

အိပ်ရေးမ၀ခြင်းကြောင့် လေဖြတ်နိုင်




အိပ်ချိန်ခြောက်နာရီထက်လျော့နည်း၍ အိပ်စက်သူတို့သည် လေဖြတ်ဝေဒနာဘေးဥပဒက်ကို လေးဆတိုးပွားစေနိုင်သည်ဟု မကြာသေးမီက လေ့လာဆန်းစစ်မှုတွင် ဖော်ပြခဲ့သည်။

လေဖြတ်ဝေဒနာနှင့် ပတ်သက်သည့်အစဉ်အလာဘေးဥပဒ်ဆိုင်ရာ အချက်များမှာ အ၀လွန် ခြင်း၊ သွေးချိုခြင်း၊ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိသော အစားအစာ တို့ကြောင့် ဖြစ်သည်။

လေ့လာဆန်းစစ်သူတို့က အသက် ၄၅ နှစ်နှင့်အထက်ရှိသူ ၅၆၆၆ ဦးကိုသုံးနှစ်ကြာခန့် စစ် ဆေးမှုပြုခဲ့ခြင်းဖြစ်သည်။ သုတေသီတို့က ထိုသူတို့၏ အိပ်စက်သည့် အလေ့အကျင့်၊ အိပ်ချိန်ကြာမြင့်ချိန်နှင့် လေဖြတ်ရောဂါ လက္ခဏာတို့ကို ဆန်းစစ်မှုပြုခဲ့ကြခြင်းဖြစ်သည်။

အစောပိုင်းသုတေသနပြုမှုတွင် အိပ်စက်ခြင်းကင်းမဲ့ပါက ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတိုး ပွားလာစေမည်ဖြစ်ပြီး စိတ်ဖိစီးမှုကိုဖြစ်စေသည့် ဟော်မုန်းများကို ထွက်ပေါ်လာစေမည်ဖြစ်သည်။ ထိုဟော်မုန်း များက သွေးတိုးခြင်းကိုဖြစ်ပေါ်စေကာ နှလုံးရောဂါဖြစ်ပွားမှုကို တိုးပွားလာစေမည်ဟုသိရသည်။

အမျိုးသား အိပ်စက်ခြင်းဆိုင်ရာ ဖောင်ဒေးရှင်းမှ တွေ့ရှိရော အချက်အလက်များအရ အရွယ် ရောက်ပြီးသူ ၂၈ ရာခိုင်နှုန်းသည် တစ်ညလျှင် ရှစ်နာရီသို့မဟုတ် ရှစ်နာရီထက် ပိုမိုအိပ်စက်ပါက လေဖြတ်ဝေဒ နာဘေးဥပဒ်မှ ၃၈ ရာခိုင်နှုန်းကျဆင်းစေကြောင်း တွေ့ရှိရသည်။ တစ်ညလျှင် ခြောက်နာရီထက်လျော့နည်းစွာ အိပ်စက်သူများမှာမူ လေဖြတ်ဝေဒနာဘေးဥပဒ်ကို လေးဆခန့်တိုးပွားလာစေနိုင်ကြောင်း တွေ့ရှိရသည်။

လေဖြတ်ဝေဒနာ ဘေးဥပဒ်ကို လျှော့ချပေးနိုင်မည့်အရေးပါသော နည်းလမ်းများမှာ သွေးတိုး ခြင်းကိုထိန်းချုပ်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ရှားခြင်း၊ ဆေး လိပ်ရှောင်ကြည်ခြင်း၊ နည်းပါးသော ကယ်လိုရီစားသုံးခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com