ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, June 2, 2012

 ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်မည်

ကုမ္ပဏီ မှတ်ပုံတင် သက်တမ်းတိုးကိစ္စများ ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲကို ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

အဆိုပါရုံးခွဲကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်အချို့ကိုပါ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

''နေပြည်တော်မှာ ဆောင်ရွက်ဖို့လိုအပ်တဲ့ ကုမ္ပဏီမှတ်ပုံတင်တဲ့ကိစ္စကို နေပြည်တော်ရုံးမှာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းတိုးတဲ့ကိစ္စကိုတော့ ရန်ကုန်ရုံးခွဲမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်သွား မှာဖြစ်ပါတယ်။  MIC ကိစ္စ တချို့ကိုပါ ဆောင်ရွက်နိုင်အောင် စီ စဉ်သွားမှာပါ''ဟု ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။ လက်ရှိအချိန်သည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တာစူနေသည့်အချိန်လည်း ဖြစ်သည်။ အဆိုပါကိစ္စများအတွက် Proposal ကိစ္စများကို နေပြည်တော်သို့ လာရောက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com