ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, June 19, 2012

'လူမှုကာကွယ်စောင့်ရှောက်မှု ညီလာခံ' ကို နေပြည်တော်၌ နှစ်ရက်ကြာကျင်းပမည်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ယူနီဆက်(မြန်မာ)တို့ ပူးပေါင်းကျင်းပသည့် ''လူမှုကာကွယ်စောင့်ရှောက်မှု ညီလာခံ''ကို ဇွန်လ ၂၅ မှ ၂၆ ရက်နေ့အထိ နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပမည်ဟု သိရသည်။
ယခုကျင်းပမည့်ညီလာခံသည် မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပေါ်ထွန်းရေးအတွက် လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများနှင့် လူမှုကာကွယ်စောင့်ရှောက်မှုနှင့် စပ်လျဉ်းသည့် အဖွဲ့အစည်းများ အချင်းချင်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရွေးချယ်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် လူမှုကာကွယ်စောင့်ရှောက်မှုကို ဆင်းရဲမွဲတေမှု လျော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာများနှင့် ချိတ်ဆက်နိုင်ရန် နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ညီလာခံတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ် စသည့်နိုင်ငံများမှ ပညာရှင်များ အပါအ၀င် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အ ရင်းအမြစ်ဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန ၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ယူနီဆက်(မြန်မာ)မှ တာဝန်ရှိသူများမှ ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com