ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတွင် EVDO လျှောက်နေကြသူများ
စီဒီအမ်အေ ၈၀၀ ဖုန်းများအတွက် EVDO အင်တာနက် လျှောက်ထားခြင်းကို ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံး၊ ပန်းဆိုးတန်း မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် အလုံမိုဘိုင်းဆက်သွယ်ရေးရုံးများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဆက်သွယ်ရေးရုံး များတွင်လည်း ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်းသိရသည်။
အင်တာနက် လျောက်ထားခြင်းအတွက် ကျပ်တစ်သောင်း ပေးသွင်းရမည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်ဖြစ်သည်။ စီဒီအမ်အေ ၈၀၀ ဖုန်းများတွင် အင်တာနက် အသုံးပြုလိုသူ များစွာရှိနေပြီး လျှောက်ထားသူ များပြားနေကြောင်း သိရသည်။
''နံနက် ၁၀ နာရီကတည်းကလာတာ နေ့လည် ၁၂ နာရီလောက်မှ ရတယ်။ ပွဲစားတွေနဲ့လုပ်ရင် ကျပ်တစ်သောင်းခွဲပေးရတယ်''ဟု အင်တာနက်သွားလျှောက်သူတစ်ဦးက ဇွန်လ ၁၃ ရက်တွင် ပြောပြသည်။
EVDO အင်တာနက်လျှောက် မည့်သူသည် ဖုန်းစာချုပ် မူရင်းနှင့် မိတ္တူ၊ ဖုန်းဆင်းကတ်နှင့် ဟန်းဆက်တို့ကို ယူဆောင်လာရန်လိုပြီး နံပါတ်အချို့မှာ ဆင်းကတ်လဲရန် မလိုသော်လည်း နံပါတ်အချို့မှာမူဆင်းကတ် ပြန်လည်လဲလှယ်ရကြောင်း သိရသည်။
အင်တာနက် Setting အတွက် လမ်းညွှန်ချက်မှာ ဟန်းဆက်ထဲရှိ Menu ထဲတွင် အင်တာနက် Setting နှင့်ပတ်သက်သော Connectivity သို့မဟုတ် Destination ကိုရှာပြီး Access Point Name (APN) တွင် mptnet ကို ရိုက်ထည့်ရမည်ဟု သိရသည်။ IP Version ကို IPV 4 ရွေးရမည်ဖြစ်ပြီး Proxy Name, Port Name, User Name နှင့် Password တို့ ဖြည့်ရန်မလိုကြောင်း သိရသည်။ ယင်းတို့ကို လုပ်ဆောင်ပြီးနောက် ဖုန်းကိုပါဝါပိတ်ပြီးပြန်ဖွင့် ရမည်ဖြစ်ကြောင်း သိရသည်။
မေလ ၇ ရက်နေ့က မိုဘိုင်းဖုန်းများအားလုံးအတွက် အင်တာနက် လျှောက်ထားခြင်းကို လက်ခံခဲ့ပြီး စီဒီအမ်အေ ၈၀၀ အတွက် EVDO အင်တာနက်မှာ ရက်ပိုင်းအတွင်း၌ပင် ပြန်လည်ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်