ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, June 12, 2012

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်ရပ်များကြောင့် ထိခိုက်သူ ရခိုင်ဒုက္ခသည်ဦးရေ တစ်သောင်းနှစ်ထောင်ကျော်ထိ ရောက်ရှိလာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်ဖြစ်ရပ်များကြောင့် ထိခိုက်သူ ရခိုင်ဒုက္ခသည် ဦးရေမှာဇွန်လ ၁၁ ရက်နေ့ အထိ ၁၂၀၇၄ ဦးရှိသွားပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ကောက်ယူ ထားသောစာရင်းများအရ သိရသည်။
“ အခုအထိ ရခိုင်လူမျိုးဘယ်နှစ်ဦး သေဆုံးပြီးပြီလဲ ဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ရခိုင်ရွာတွေက ဘင်္ဂါလီရွာတွေကြားမှာ ရှိနေလို့ ဒီလူတွေဘယ် ရောက်သွားလဲဆိုတာကိုလည်း ပြောဖို့လည်း ခက်ပါတယ်။ အခုထိနေ့စဉ်နှင့်အမျှ အခြေအနေတွေ ကပြောင်းနေပါတယ်” ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးကပြောကြားခဲ့သည်။
ရခိုင်ဒုက္ခသည်များမှာ လတ်တလောအချိန်တွင် ဘုန်းတော် ကြီးကျောင်းများ၊ ရဲတပ်ရင်းများ၊ စာသင်ကျောင်းများ၊ ခန်းမများတွင် ခိုလှုံလျှက်ရှိကြသည်။  မောင်တော မြို့တွင်လက်ရှိခိုလှုံနေသော ဒုက္ခ သည်ဦးရေမှာ စုစုပေါင်း ၃၈၇၄ ဦးရှိသည့်အနက်(၄)မိုင် ရဲတပ်ရင်း (၂)တွင် ဒုက္ခသည်ဦးရေမှာ ၃၀၀၀ ဦးခန့်ဖြင့် အများဆုံးခိုလှုံလျက်ရှိ သည်ဟု သိရသည်။
စစ်တွေမြို့တွင် ဒုက္ခ သည်ဦးရေစုစုပေါင်း ၄၉၀၀ ဦးရှိ နေပြီဖြစ်ပြီး အဓိဌာန်ကျောင်းတွင် ဒုက္ခသည် ၂၀၀၀ ခန့်ရှိနေသည်။ ဘူးသီးတောင်မြို့ရှိ အ.လ.က(၁) ကျောင်းတွင် ဒုက္ခသည် ၁၃၀၀ ခန့် ခိုလှုံလျက်ရှိပြီး ရသေ့တောင် မြို့ရှိ နေရာ ၅ နေရာတွင် ဦးရေ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင် ခိုလှုံလျက်ရှိသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ပြဿနာများကြောင့် ဒေသခံများအနေဖြင့် လုံခြုံမှုအရပ်ရပ်တို့ အပေါ် စိုးရိမ် ထိတ်လန့်လျက်ရှိပြီး ရေတိုဖြေရှင်းမှုသာမက ရေရှည်စနစ်ကျသော စီမံချက်ဖြင့် ဆောင်ရွက်ရမည်ဟု ရှုမြင်ကြောင်း ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ၏ သဘော ထားကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com