ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 13, 2012

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ယခင်နှစ်များထက် ထက်ဝက်နီးပါး လျှော့ချရန်စီစဉ်နေ



5112
ရန်ကုန် ဆေးတက္ကသိုလ်(၁)အတွင်းမှ ထွက်လာသော ကျောင်းသူ ကျောင်းသားများအား ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်
၂၀၁၂-၁၃ ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ  ယခင်နှစ်များထက် ထက်ဝက်နီးပါး လျှော့ချရန် စီစဉ်နေကြောင်း နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်များမှာ ရန်ကုန် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်တို့ဖြစ်ပြီး တစ်နှစ် လျှင် ဆရာဝန် ၂၂၀၀ ဦးဝန်းကျင် သင်ကြားပေးလျက် ရှိကြောင်း သိရပါသည်။
“ဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသားဦးရေကို ၅၀ ရာခိုင်နှုန်း နီးပါး လျှော့ချဖို့စီစဉ်နေတယ်။  အရင်နှစ် တွေက စာသင်နှစ်တစ်နှစ်ကို တစ် နိုင်ငံလုံး ကျောင်းသားကျောင်းသူဦး ရေ ၂၀၀၀ကျော်လောက် ခေါ်တာ အခုနှစ်မှာတော့ ၁၂၀၀ ၀န်းကျင် လောက်ပဲခေါ်ဖို့ လုပ်ထားပါတယ်။ အခုနှစ် တက္ကသိုလ်လျှောက်မယ့် ကလေးတွေသိအောင်လည်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်မှာ တစ်ပါတည်း ထုတ်ပြန်ကြေညာသွားမှာပါ” ဟု နေပြည်တော်ရှိ ဆေးသိပ္ပံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်နီးပါး လျှော့ချမည်ဖြစ်သည့်အတွက် ၀င်ခွင့်အမှတ်များလည်း ယခင်နှစ်များထက် ပိုမို မြင့်တက်နိုင်ကြောင်း ဆေးတက္ကသိုလ်များရှိ သင်ကြားရေးဆရာများက ဆို ပါသည်။
ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ယခင်ခေါ်သည့်နှုန်းထက် လျှော့ချခေါ်ယူမည်ဆိုခြင်းနှင့် ပတ်သက်၍ “ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေအရင်ခေါ်တဲ့နှုန်းထက် အများကြီး လျော့မယ်လို့ကြား တယ်။ အဲဒီလိုခေါ်မယ် ဆိုရင်တော့ သင်ကြားရေးဆရာတစ်ဦး အနေနဲ့ ကြိုဆိုပါတယ်။ သင်ကြားနေတဲ့ ဆရာတွေ အတွက်လည်း ကောင်းသလို သင်ယူမယ့် ကျောင်းသားတွေ အတွက်လည်း ပိုအကျိုးရှိပါတယ်။ အရင်က ဆိုရင် ဆရာတစ်ဦးကို ကျောင်းသား ၅၀ လောက် သင်တော့ဆရာနဲ့ ကျောင်းသားနဲ့မမျှဘူး။ အခု ၂၅ဦး လောက်ပဲ သင်ရမယ်ဆိုတော့ ပိုပြီး ကောင်းပါတယ်။ နောက်ပြီးအစိုးရ အနေနဲ့လက်ထောက် ဆရာဝန်ခေါ်ရင်လည်း တစ်နှစ်ကို အများဆုံး ၅၀၀ လောက်ပဲအလုပ်ပေးနိုင်ပြီး တစ်နိုင်ငံ လုံးကထွက်တဲ့ ကျောင်းသား ၂၀၀၀ ကျော်ကို မပေးနိုင်သေးပါဘူး။ အရေအတွက် နည်းသွားတော့ အရည်အချင်းတွေ တိုးလာနိုင်မယ်လို့ ထင်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရိုးအကြောအဆစ် ဆေးပညာယူနစ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
လက်ရှိ ကျန်းမာရေးဝန်ကြီး ဌာန ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံတွင် အထူးကု ဆရာဝန်ဦးရေ ၁၈၅၃ ဦး၊ လက်ထောက် ဆရာဝန်ဦးရေ ၂၈၉၆ ဦး နှင့်အုပ်ချုပ်ရေး၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး ဌာနများတွင် ၆၃၃ ဦး၊ စုစုပေါင်း ၅၃၈၀ဦးတို့ တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။           

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com