မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -
၉ ရက်နှင့် ၁၁ ရက်တို့ ကံအကျိုး ပေး ကောင်းမွန်နေပြီး အဓိကအားဖြင့် အိမ်ခြံမြေကိစ္စများ အကျိုးရှိလိမ့်မည်။ မိခင်ဖြစ်သူ ထံမှ အကြံဉာဏ်ကောင်းနှင့် ပံ့ပိုးကူညီမှုများ ရရှိမည်။ အချေအတင် ပြောဆိုညှိနှိုင်းရသော ကိစ္စများ အောင်မြင်မည်။ ၀င်ငွေနှင့် စုဆောင်းငွေ ဆက်လက်တိုးပွားမည်။ အိမ်ထောင်ဖက် ၏ ကျန်းမာရေးဂရုစိုက်ပေးပါ။
ယတြာ - တရားတိပ်ခွေစီဒီချပ်များ ဓမ္မဒါနပြုပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -
ကိုယ်ရည်ကိုယ်သွေး ပိုမိုတိုးတက် နေမည်။ ဂုဏ်သိက္ခာတိုးမည်။ ကောင်းသတင်းနှင့် ကျော်စောမည်။တစ်ပတ်လုံးကံကောင်းနေ မည်ဖြစ်သည်။ ပုံမှန်မဟုတ်သည့် လျှပ်တစ်ပြက်ဝင်ငွေများ အမြတ်အစွန်းများရရှိလိမ့်မည်။ တရားဘာဝနာ ကျင့်ကြံအားထုတ်ရာ၌ ခရီးရောက်လိမ့်မည်။
ယတြာ - ရာဟုထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -
အစိုးရနှင့် လုပ်ငန်းဌာနကြီးများ ၏ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရလိမ့်မည်။ ၀ါသနာအရင်းခံသည့် အလုပ်များ လည်း တိုးချဲ့လုပ်ဆောင်နိုင်မည်။ ကြီးပွားတိုးတက်ရန် အခြေအနေကောင်းများ ပေါ်ပေါက် လာမည်။ ယေဘုယျကံကောင်းသော ရက်များဖြစ်သည်။ အိမ်ခြံမြေ အကျိုးပေးမှု ထက်သန်နေ မည်။ စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။
ယတြာ - သောကြာထောင့်၌ ရောင်စုံနှင်းဆီများ ကပ်လှူပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -
၉ ရက်နှင့် ၁၄ ရက်တို့တွင် အကြံအစည်များ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ အထူးသဖြင့် ၀ါသနာအရင်းခံသည့် လုပ်ငန်းအကြံအစည်များ ပိုမိုအောင်မြင်မှုရမည်။ ကျန်းမာရေးတိုးတက်ကောင်းမွန် အောင် ဆောင်ရွက်နိုင်လိမ့်မည်။ မည်သည့်လုပ်ငန်းနယ်ပယ်၌မဆို အကျိုးကျေးဇူးရလဒ် ကောင်းများ ပေါ်ထွက်လိမ့်မည်။
ယတြာ - ဆေးဝါးဓာတ်စာလှူဒါန်းပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -
ကံကောင်းသော နေ့ရက်များ ဖြစ်လိမ့်မည်။ မျှော်လင့်မထားသည့် ငွေကြေးအကျိုးအမြတ်များ ရရှိခံစားရလိမ့်မည်။ နစ်နာဆုံးရှုံး လက်လွန် ငွေများ ပြန်လည်ရရှိတတ်သည်။ အမှုအခင်းနှင့် ပြဿနာများ ပြီးပြတ်အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်။ အလုပ်အကိုင် အခွင့်အလမ်း မိမိအဖို့ ပိုမို အကျိုးပေးလာမည်။ အလုပ်ရှာနေသူ အလုပ်အကိုင်ကောင်းရမည်။ ရာထူးလုပ်ပိုင်ခွင့်တိုးနိုင် သလို လုပ်ငန်းတိုးချဲ့မှု အောင်မြင်မည်။
ယတြာ - စနေထောင့်၌ ဆွမ်းကပ်လှူပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -
၁၁ ရက်၊ ၁၄ ရက်တို့ တွင် ၀န်ထမ်းတိုးချဲ့ခန့်ထားခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကုန်ပစ္စည်းသစ် မိတ်ဆက်ခြင်းတို့ ပြုလုပ် အောင်မြင်မှုရမည်။ အတိတ်ဘ၀ကုသိုလ်ကံပွင့်လန်းနေပြီး အထက်အကြီးအကဲ နှင့် လူကြီးသူမတို့၏ ဖေးမကူညီအားပေးမှု ခံရမည်။ ၀ါသနာအလျောက် ဆောင်ရွက်သည့် အလုပ်များလည်း အကျိုးပေးထက်သန်လာမည်။
ယတြာ - နှင်းဆီနီများ မွေးနံထောင့်၌ ကပ်လှူပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -
၉ ရက်နှင့် ၁၄ ရက် တို့ ကံပွင့်လန်းနေမည်ဖြစ်သည်။ လုပ်ငန်းအကျိုးအမြတ်များ ပေါ်ထွက်လာမည်။ ရင်းနှီး မြှုပ်နှံမှုများ စတင်ဆောင်ရွက်ရတတ်သည်။ အမွေအနှစ်၊ ဇိမ်ခံပစ္စည်းစသည်တို့ အကျိုးပေး မည်။ လုပ်ငန်းတို့၌ လုပ်ပိုင်ခွင့်ပိုမိုရရှိလိမ့်မည်။ အပြိုင်အဆိုင်လုပ်ငန်းများတွင် အောင်မြင်မှု ပိုရလာမည်။ လူသိများ၍ ထင်ပေါ်ကျော်ကြားမည်။ ရာထူးဂုဏ်သိန်တိုးတက်အောင် ဆောင်ရွက် နိုင်မည်။
ယတြာ - ရာဟုထောင့်၌ ကြေးဆည်းလည်း လှူပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -
၉ ရက်နေ့ တွင် မိဘလက်ငုတ်လက်ရင်းအလုပ် ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်။ အကြီးအကဲမိဘဆရာသမားတို့၏ မစခြင်းခံရမည်။ စည်းစိမ်လာဘ်လာဘ ရွှင်လန်း တိုးတက်မည်။ အမှုအခင်းများ၌ တရားမျှတစွာ အနိုင်ရမည်။ စာမေးပွဲများ၌ ရလဒ် ကောင်းများ ပေါ်ထွက်မည်။ ဂုဏ်သိက္ခာအထူးတိုးမည်။ လုံ့လ၀ီရိယကြောင့် ကောင်းကျိုးများ ပိုမို ဖြစ်ထွန်းမည်။ မည်သည့်အစုစပ်လုပ်ငန်းမဆို စတင်ဆောင်ရွက်အကျိုးရှိလိမ့်မည်။
ယတြာ - တရားစာအုပ်များ ဓမ္မဒါနပြုပေးပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -
ငွေကြေးစည်းစိမ် ချမ်းသာကြိုးစားရှာဖွေရာ၌ လိုအင်ဆန္ဒပြည့်ဝလိမ့်မည်။ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အပေါ်၌ အကျိုးအမြတ်ကောင်းစွာရမည်။ အဖိုးတန် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ ၀င်နိုင်သည်။ လုပ်ငန်းအကြံအစည်များလည်း အောင်မြင်မှု ပိုမိုရရှိလိမ့်မည်။ ရပ်ဝေးဒေသ နှင့် နိုင်ငံရပ်ခြားခရီးဆက်လက်အကျိုးပေးနေသည်။ အိမ်ထောင်ဖက်ကြောင့် ၀င်ငွေ အကျိုး အမြတ်နှင့် စည်းစိမ်ချမ်းသာ တိုးမည်။ အစုစပ်လုပ်ငန်းများ စာချုပ်စတင်ချုပ်ဆိုရတတ်သည်။
ယတြာ - မိခင်ဖြစ်သူအား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -
ကံတရား ဆက်လက်ကောင်းမွန်နေမည့်ရက်များဖြစ်သည်။ လာဘ်လာဘပွင့်လန်းသလို စန်းပွင့်နေ တတ်သည့် အချိန်လည်းဖြစ်သည်။ နိုင်ငံရေးကိစ္စများ ဆောင်ရွက်ရာ၌ ဂုဏ်သိက္ခာနှင့် လုပ်ပိုင်ခွင့်တိုးတက်လာမည်။ သားသမီး၊ တပည့်တပန်းစသည်တို့၏ ကျေးဇူးတုံ့ပြန်ခြင်းခံရမည်။
ယတြာ - စနေထောင့်၌ ရောင်စုံဖယောင်းတိုင်များ ပူဇော်ပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -
အိမ်၊ ခြံ၊ မြေ၊ လက်ဝတ်ရတနာနှင့် ဇိမ်ခံပစ္စည်းများ ကောင်းကျိုးဆက်လက်ပေးနေမည်။ စာနယ်ဇင်း ထုတ်ဝေမှု၊ သင်တန်း ဖွင့်လှစ်မှုနှင့် ယာယီပေါ်ပင်အလုပ်များ တစ်ဟုန်တိုးရလဒ်ကောင်း များ ပေါ်ထွက်လာနိုင်သည်။ အခက်အခဲနှင့် ပြဿနာမှန် သမျှကို အောင်မြင်အောင် ဖြေရှင်း နိုင်မည်။ ၁၁ ရက်နှင့် ၁၄ ရက်တို့ ကံတရားညံ့ဖျင်းနေတတ်၍ အရေးကြီးကိစ္စများ မဆောင်ရွက်သင့်။
ယတြာ - မိခင်ဖြစ်သူအား ငွေစက္ကူအသစ်ဖြင့် ကန်တော့ပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -
ကံကောင်းသည့် နေ့ရက်များ ဖြစ်ပြီး ယာယီလုပ်ငန်းများ ကောင်းစွာအကျိုးရှိလိမ့်မည်။ လုပ်ငန်းအတွက် ပံ့ပိုးကူညီမှုများ ရရှိမည်။ ဆရာကောင်းသမားကောင်း တွေ့မည်။ စည်းစနစ်ကျန၍ လုပ်ငန်းကျွမ်းကျင်မှု ကြောင့် အလုပ်အကိုင်များ တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ ဆရာတော်၊ သမားတော်များထံမှ လမ်းညွှန်ဆုံးမဩ၀ါဒပေးမှုကို ခံယူစောင့်တည်နိုင်၍ လောကီ လောကုတ္တရာ ကောင်းကျိုးများ ရရှိလိမ့်မည်။ ထိုးထွင်းသိမြင်ဉာဏ်ရှင်သန်ထက်မြက်လာမည်။
ယတြာ - စနေထောင့်၌ ပန်းရေချမ်းဆီမီးကပ်လှူပါ။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်