ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, June 2, 2012

 မြောက်ကိုရီးယားတွင် မိုးခေါင်မှု ကာလရှည်ကြာ ဆိုးဆိုးရွားရွား ကြုံတွေ့


မြောက်ကိုရီးယားတွင် ကာလရှည်ကြာသော မိုးခေါင်မှုဒဏ်အား ခံစားရလျက်ရှိကြောင်း ဒေသခံမီဒီယာတစ်ခုက ဖော်ပြခဲ့သဖြင့် ဆင်းရဲသော ကွန်မြူနစ်နိုင်ငံ၌ အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာမည်ကို စိုးရိမ်လျက် ရှိကြသည်။

မိုးခေါင်မှုသည် ယင်းအခြေအနေအတိုင်း ယခုလကုန်အထိ ဆက်ဖြစ်နေပါက အနောက်ဘက် ကမ်းရိုးတန်းဒေသများတွင် နှစ် ၅၀ အတွင်း အခြောက်သွေ့ဆုံး မေလ ဖြစ်လာနိုင်ကြောင်း ကိုရီးယား ဗဟိုသတင်းဌာန အေဂျင်စီ (KCNA)က ဖော်ပြခဲ့သည်။

အခြေအနေ ဆိုးရွားသော မိုးခေါင်မှုသည် တစ်နိုင်ငံလုံးသို့ ဆက်လက်ပျံနှံ့နိုင်သဖြင့် မိုးခေါင်မှုများကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသော လယ်သမားများအား ကူညီပေးရန် အစိုးရ လုပ်သားများကို ညွှန်ကြားထားသည်ဟု နိုဒွန်ရှင်မွန်သတင်းစာက ဖော်ပြခဲ့သည်။ ယင်းအခြေအနေကြောင့် အဓိကသီးနှံများဖြစ်သော ပြောင်းနှင့်စပါးခင်းများ အများဆုံး ပျက်စီးခဲ့ပြီး ဂျုံ၊ ဘာလီနှင့် ပြောင်းဖူးခင်းများလည်း ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

တံခါးပိတ်ဝါဒ ကျင့်သုံးနေသော မြောက်ကိုရီးယားတွင် ကာလရှည်ကြာသော ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်နေသည့်အပြင် နိုင်ငံတွင်း၌ ရေကြီးမှု၊ မိုးခေါင်မှုများနှင့် အုပ်ချုပ်ရေး ညံ့ဖျင်းမှုများကြောင့် အခြေအနေ ပိုမိုဆိုးရွားလျက်ရှိသည်။

အစိုးရ၏ အစားအစာ ဝေငှရေး အစီအစဉ်ရှိခဲ့သော်လည်း အစာရေစာ ရှားပါးသော နှစ်များဖြစ်သည့် ၁၉၉၀ ပြည့်နှစ် တစ်ဝိုက်တွင် စီပွားရေး ယိုယွင်းလာမှုများကြောင့် ယင်းအစီအစဉ်မှာလည်း ပျက်စီးခဲ့ရသည်။ ထိုနှစ်များ အတွင်း မြောက်ကိုရီးယား ပြည်သူထောင်ပေါင်းများစွာမှာ  ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ရသည်။

နိုင်ငံတကာမှ ထောက်ပံ့မှုများသည်လည်း မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များကြောင့် နည်းပါးလာခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့က မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုကြောင့် အစားအစာ တန်ချိန် ၂၄၀၀၀၀ တန် ထောက်ပံ့မည့် အစီအစဉ်ကို အမေရိကန်က ရပ်ဆိုင်းခဲ့သည်။

ယခုမိုးခေါင်မှုသည် နှစ် ၅၀ အတွင်း မကြုံဖူးသော အခြေအနေဖြစ်ပြီး လွန်ခဲ့သည့် ရက် ၃၀ ခန့်ကပင် မြို့တော်ပြုံယမ်း၌ မိုးရေချိန် နှစ် မီလီမီတာမျှသာ ရွာသွန်းခဲ့ကြောင်း သိရသည်။
Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com