ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

 မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် တရားဥပဒေစိုးမိုးမှုသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်၌ ပြောကြား


အောက်စဖို့ဒ်တက္ကသိုလ်က Honorary Doctor of Civil Law ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်သည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-AFP)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် တရားဥပဒေစိုးမိုးမှုသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ၌ ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့ရှိ London School of Economics and Political Science တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အချိန်က ကုစားလိမ့်မည် မဟုတ်ကြောင်း၊ အတိတ်က အမှားအယွင်းများနှင့် ပတ်သက်၍ အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနှင့် ပြုပြင်ပြောင်းလဲရေးများတွင် မိမိတို့မျှော်လင့်ထားသည့် တိုးတက်မှုများရှိရန်မှာ တရားဥပဒေစိုးမိုးမှု၏ အရေးကြီးပုံကို နားလည်သဘော ပေါက်မှုတွင် အများကြီး မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် စစ်တပ်နှင့် အတူတကွ လက်တွဲလုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်လာသူများက မတ်တပ်ရပ်သြဘာ ပေးခဲ့ကြသည်။

ထို့ပြင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလားအလာများပေါ် မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာပြည်သူများအား ဦးဆောင်ရန် အသင့်ဖြစ်၊ မဖြစ် ဘီဘီ စီသတင်းဌာန၏ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အကယ်၍ မြန်မာပြည်သူများအား မှန်ကန် သည့်လမ်းမှ ဦးဆောင်နိုင်မည်ဆိုပါက အသင့်ဖြစ်ပြီဟု ပြန်လည်ဖြေကြားခဲ့သည်။

b5_12_18_1
အောက်စဖို့ဒ်တက္ကသိုလ်က Honorary Doctor of Civil Law ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်သည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-AFP)

လက်ရှိ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့်အတူ နှစ်အတန်ကြာ နေထိုင်ခဲ့သည့် အောက်စဖို့ဒ်မြို့သို့ လန်ဒန်မြို့မှတစ်ဆင့် သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ ပြည့်လွန်နှစ်များက အောက်စဖို့ဒ်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ်တန်း အောက်စဖို့ဒ်မြို့သို့ ရောက်ရှိလာသည့်အခါ မြို့ခံများက လှိုက်လှိုက် လှဲလှဲကြိုဆိုခဲ့ကြသည်။

အောက်စဖို့ဒ်မြို့တွင် ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မိသားစု၊ သားများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်သို့ သွားရောက်လည် ပတ်ခဲ့ပြီး သူငယ်ချင်းဟောင်းများနှင့် လည်း တွေ့ဆုံခဲ့သည်။

အဆိုပါနေ့တွင်ပင် အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား Honorary Doctor of Civil Law   ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့ရှိ လွှတ်တော် နှစ်ရပ်ပေါင်း ဗြိတိန်လွှတ်တော်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အားပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းထူထောင်ကာ ဒီမိုကရေစီရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com