(၁) Eleven Media Group သည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကြောင့် သေဆုံးခဲ့သူများ၊ ဒါဏ်ရာရသူများ၊ အသက်အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာခဲ့သူများ အားလုံးအတွက် ၀မ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။
(၂) Eleven Media Group သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှတစ်ဆင့် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများ၊ အဓိကရုဏ်းများ မဖြစ်ပေါ်သွားစေရန် သက်ဆိုင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ပြည်သူများအနေဖြင့် ၀ိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါသည်။ ၎င်းဖြစ်ရပ်များမှတစ်ဆင့် မတည်မငြိမ်ဖြစ်မှုများနှင့် လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲများအား နောက်ပြန်သွားစေနိုင်ကြောင်း အသိပေးအပ်ပါသည်။
(၃) Eleven Media Group သည် နိုင်ငံနှင့်လူမျိုး၊ ပြည်သူများအတွက် သတင်းအမှန်များအား နိုင်ငံ့အကျိုးစီးပွား၊ လူထုအကျိုးစီးပွားအတွက် ရှေ့ရှု၍ ဆက်လက်ဖော်ပြသွားပါမည်။ BBC, AFP အပါအ၀င် နိုင်ငံတကာ သတင်း မီဒီယာများအနေဖြင့်လည်း ဘင်ဂါလီ ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်သားများတွင် ပါဝင်ခြင်းမရှိသည်ကို တိကျစွာဖော်ပြရန် လိုမည်ဖြစ်ပြီး မြန်မာတိုင်းရင်းသား အရေးကိစ္စများကို ဖော်ပြရာတွင် မလိုလားအပ်သော လူမျိုးရေး အဓိကရုဏ်းများ မဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်အမှန်များကို တိတိကျကျ ဖော်ပြရန် လိုမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
(၄) ယခု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၏ အခြေခံဖြစ်သော ဘင်ဂါလီ ရိုဟင်ဂျာများကိစ္စအား နိုင်ငံတော်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် နိုင်ငံတကာအား ရှင်းလင်းပြတ်သားစွာ ပြောကြားရန် အချိန်ကျရောက်ပြီဟု ယူဆပါသည်။ ဘင်ဂါလီ ရိုဟင်ဂျာများအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၌ ပါဝင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်း၌ နေထိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဥပဒေများအား တိကျစွာလိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းရန် လိုအပ်ပါမည်။ ဥပဒေမဲ့ ကျူးလွန်သူ ရာပေါင်းများစွာကိုလည်း ဥပဒေအရ ပြတ်သားစွာ အရေးယူရန် တိုက်တွန်းအပ်ပါသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်