ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 7, 2012

ဝါရင့်ဒီဇိုင်နာ အများအပြား ပါဝင်ပြသခဲ့သည့် Memories of Love Bridal Fair 2012

e5105

ဝါရင့်ဒီဇိုင်နာ အများအပြား ပါဝင်ပြသခဲ့သည့် Memories of Love Bridal Fair 2012 ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀နာရီတွင် Traders ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ခဲ့ပြီး နံနက်ပိုင်းတွင် မြန်မာ့ရိုးရာ မင်္ဂလာဝတ်စုံ ဒီဇိုင်းများကို ပြသခဲ့ကာ ညနေပိုင်းတွင် အနောက်တိုင်း မင်္ဂလာဝတ်စုံဒီဇိုင်းများကို ပြသပေးခဲ့သည်။
ပထမဦးစွာ မိတ်ကပ်နှင့် ဒီဇိုင်နာ ခင်စန်းဝင်း၏ ရွှေရောင်မင်္ဂလာ ၀တ်စုံဒီဇိုင်းများကို ရဲသီဟကို၊ သီရိရှင်းသန့်၊ ခင်ရူပ၊ ရွှေထိုက်တန်၊ ပိုးအိဖြူဇင်၊ နှင်းထက်ထက်ဝေ၊ မေနှင့် မော်ဒယ်လ်များက ၀တ်ဆင်ပြသပေးခဲ့ကြသည်။ ဆက်လက်၍ မိတ်ကပ် နှင့်ဒီဇိုင်နာ လင်းလင်း(အောင်အောင်-တောင်ကြီး)၏ မင်္ဂလာဝတ်စုံများကို သရုပ်ဆောင်မော်ဒယ်လ် နဒီဝင့်နိုင်၊ မေဖြူဖြူ၊ ထိုက်ဆုဝင်းနှင့် မော်ဒယ်လ် များက အရောင်အသွေးစုံလင်သည့် မင်္ဂလာဝတ်စုံဒီဇိုင်းများနှင့် ပါဝင်ပြသပေးခဲ့ကြသည်။ ထို့နောက် မန္တလေး မှ ဒီဇိုင်နာမျိုးမင်းစိုး၏ နန်းမူနန်း ဟန်နွယ်သည့် မင်္ဂလာဝတ်စုံဒီဇိုင်းများ ကို သရုပ်ဆောင်မော်ဒယ်လ် ရဝေအောင်၊ ပုလဲဝင်း၊ မျိုးသန္တာထွန်း၊ စူးရှ၊ နှင်းထက်ထက်ဝေ၊ ရတနာခင်စသူတို့ က ပါဝင်ပြသပေးခဲ့ကြသည်။
အလှည့်ကျ ဒီဇိုင်နာဥာဏ်ဥာဏ် (လှည်းတန်း) ၏ မင်္ဂလာဝတ်စုံဒီဇိုင်းများကို Talents& Models အေဂျင်စီမှမော်ဒယ်လ်များက ၀တ်ဆင်ပြသပေးခဲ့ကြသည်။ နံနက်ပိုင်းမင်္ဂလာ ၀တ်စုံပြသမှု၏ နောက်ဆုံးအစီအစဉ် အဖြစ် ၀ါရင့်ဒီဇိုင်နာမမဉ္ဇူ၏ ဆန်းသစ်လှပသည့် ရွှေရောင်မင်္ဂလာဝတ်စုံ ငါးစုံကို သရုပ်ဆောင်သဇင်၊ အေးချမ်းမိုး၊ ပိုးအိဖြူဇင်၊ ဆန်းသစ်လ နှင့် ဖြူနွယ်ခိုင်တို့က ၀တ်ဆင်ပြသ ပေးခဲ့ကြသည်။
ညနေပိုင်းအနောက်တိုင်း မင်္ဂလာဝတ်စုံပြသမှု အစီအစဉ်တွင် Forever Wedding Studio ၊ Aroma Fashion Botique စသည့် မင်္ဂလာ ၀တ်စုံဆိုင်များ၏ ဆန်းသစ်လှပသည့် အနောက်တိုင်း မင်္ဂလာဝတ်စုံဒီဇိုင်း များကို မော်ဒယ်လ်နှင့် သရုပ်ဆောင်များက ပါဝင်ပြသပေးခဲ့ကြသည်။
e5105a e5105b

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com