ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 13, 2012

 တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံရန် UNHCR ၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရ ပယ်ချ ဒုက္ခသည်များကို ပြန်မပို့ရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် တိုက်တွန်း

Bingalar989332-01-02
ဘင်္ဂလားဒေရှ် ဆိပ်ကမ်းများကို စောင့်ကြပ်နေသော ဘင်္ဂလားဒေရှ် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: AFP)
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင် ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာတာကို ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အကျိုးစီပွားမဟုတ်တာ လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ ထပ်ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ် အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင် ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ် မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏ ဖေါ်ပြမှုအရ သိရသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို တိမ်းရှောင်ထွက်ပြေးလာသည့် ဒုက္ဒသည်များကို ဘင်္ဂလားဒေ့ရှ်က လက်မခံမှုအား စိုးရိမ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ဒုက္ခသည်များကို ပြန်မပို့ရန် တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနူလန်က ဇွန်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်များအရ နိုင်ငံတကာတာဝန်၊ ၀တ္တရားတို့ကို လေးစားရန် ဘင်္ဂလားဒေ့ရှ်အစိုးရအား တိုက်တွန်းထားကြောင်း နူလန်က ပြောကြားခဲ့သည်။
နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က ဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်ဒေသများတွင် လွတ်လပ်သည့် လူသားချင်းစာနာ ထောက်ထားသည့် အကူအညီပေးရေးအဖွဲ့များကို အနှောင်အဖွဲ့မရှိ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးသင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် နယ်စပ်ကို ပိတ်ပစ်လိုက်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်သည် အသက်အိုးအိမ် စည်းစိမ်များကို အန္တရာယ်ကျရောက်စေကြောင်း Human Rights Watch အဖွဲ့မှ ဒုက္ခသည်များဆိုင်ရာ ဒါရိုက်တာ ဘီလ်ဖရီးလစ်က ပြော ကြားခဲ့သည်။
Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com