ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, August 7, 2012

ဆီးရီးယား ပထမဆုံး အာကာသယာဉ်မှူးတစ်ဦး တူရကီသို့ ထွက်ပြေးခိုလှုံ


အလက်ပိုမြို့မြောက်ပိုင်းတွင် တင့်ကားပျက်တစ်စီးရှေ့မှ မိသားစုတစ်စု ဖြတ်သန်းသွားမှုကို သြဂုတ်လ ၃ ရက်က တွေ့ရစဉ်
ဆီးရီးယား ပထမဆုံး အာကာသယာဉ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး မူဟာမက်အာမက်ဖာရစ်သည် သြဂုတ်လ ၅ ရက်တွင် တူရကီသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း Anatolia သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ဖာရစ်သည် ယင်းကဲ့သို့ ထွက်ပြေးရန် လေးကြိမ်မြောက် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု Anatolia က ဖော်ပြခဲ့သည်။
၁၉၅၁ ခုနှစ်တွင် အလက်ပိုမြို့၌ မွေးဖွားခဲ့သောဖာရစ်သည် ဆိုဗီယက်ယူနီယံ သူရဲကောင်းဆုနှင့် Order of Lenin ဆု ရရှိထားသူဖြစ်သည်။ ဆီးရီးယားစစ်ဘက် အကြီးတန်းတာဝန်ရှိသူအများအပြားသည် မကြာသေး မီလများအတွင်း ဆီးရီးယားအတိုက်အခံ Free Syrian Army (FSA) သို့ ခိုလှုံပူးပေါင်းခဲ့ကြသည်။
ပြီးခဲ့သောလတွင် အတိုက်အခံများဘက်ခိုလှုံခဲ့သော ဆီးရီးယားဗိုလ်ချုပ်ကြီး Manaf Tlass သည် တူရကီသို့ အံ့အားသင့်ဖွယ် သွားရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့သည်ဟု သြဂုတ်လ ၄ ရက်တွင် တူရကီ သံတမန်တစ်ဦးက ပြောကြား ခဲ့သည်။ Tlass မှာ ကာကွယ်ရေးဝန်ကြီးဟောင်း Mustafa Tlass ၏ သားဖြစ်ပြီး Mustafa မှာ အာဆတ်၏ ဖခင် ဟာဖစ်ဇ်အယ်လ်အာဆတ်နှင့် ရင်းနှီးသော မိတ်ဆွေဖြစ်သည်။
သြဂုတ်လ ၄ ရက်နေ့တွင်ပင် ဆီးရီးယား ဗိုလ်မှူးချုပ်တစ်ဦး အပါအ၀င် ဆီးရီးယားပြည်သူ ၆၅၀ ခန့်သည် တူရကီသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း တူရကီအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် တူရကီတွင် ဆီးရီး ယားဒုက္ခသည် ၄၆၀၀၀ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဇူလိုင်လလယ်တွင် ဒမတ်စကတ်မြို့၌ ပြန်ပေးဆွဲခံရသော နိုင်ငံပိုင် ရုပ်သံဌာနတင်ဆက်သူ မိုဟာမက်အယ်ဆာအိဒ်ကို Al-Nusra Front အဖွဲ့က ကွပ်မျက်ခဲ့ကြောင်း Syrian Observatory for Human Rights က ထုတ်ပြန်ခဲ့သည်။
Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com