၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ရှင်းလင်းပြောကြားနေစဉ်
၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ရက်နေ့တွင် ပြုလုပ်သော ရခိုင်ခရီးစဉ်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းကိုနိုင်က သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
''လူ့အခွင့်အရေးရဖို့ ကျွန်တော်တို့ကိုယ်တိုင်လည်း တိုက်ပွဲဝင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာဟာ တစ်နေရာတည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ ဒါဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ တစ်ပြည်လုံးမှာ ရှိနေတာပါ။ ဒီကိစ္စမှာ လူ့အခွင့် အရေးရှုထောင့်ကနေကြည့်ဖို့ လုံးဝမလုံလောက်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းရယ်၊ ကျွန်တော်တို့ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားရယ်၊ ပြည်ပက တရားမ၀င် ကျူးကျော် ၀င်ရောက်နေထိုင်မှုတွေ၊ အဲဒီနေရာမှာလည်း ကျွန်တော်တို့ဆီက မတရားသဖြင့် အကျင့်ပျက်နေတဲ့ ၀န်ထမ်းတွေကြောင့် တစ်ချိန်တုန်းက ၀င်ရောက်နေသူတွေရှိသလို နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်နေတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အမျိုးသား အကျိုးစီးပွားအတွက်၊ နိုင်ငံသား အခွင့်အရေးတွေအတွက် အားလုံးခြုံပြီးတော့ ကြည့်ရပါမယ်''ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများ ၀င်ရောက်လာမှုနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ''ကျွန်တော်တို့ နယ်စပ်ခြံစည်းရိုး မလုံမှုအပေါ်မှာ ပြည်ပက ကျူးကျော် ၀င်ရောက်နေထိုင်မှုတွေကို ကျွန်တော်တို့က တားရပါလိမ့်မယ်။ ခြံစည်းရိုးလုံအောင် ကာပြီးမှ အတွင်းမှာရှိတဲ့ တရားဝင်မှု မ၀င်မှုကို ကျွန်တော်တို့ ထပ်ကြည့်ရပါလိမ့်မယ်''ဟု ပြောပါသည်။
ထို့ပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ဒုက္ခသည်အများစုမှာ ရခိုင်လူမျိုးများသာဖြစ်နေကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂါလီလူမျိုး ၉၅ ရာခိုင်နှုန်း၊ မောင်တောတွင် ၉၇ ရာခိုင်နှုန်းရှိကြောင်း၊ အချို့နေရာများ တွင် ပဋိပက္ခများ မဖြစ်ပွားခဲ့သော်လည်း မွတ်ဆလင်ရွာများနှင့် နီးကပ်နေသောကြောင့် ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်မှုများရှိသည်ကို ၎င်းတို့၏ ခရီးစဉ်အတွေ့အကြုံအရ သိရှိခဲ့ရကြောင်း ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်များက ဆိုသည်။
ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနေဖြင့် စစ်တွေမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် မွတ်ဆလင် ဒုက္ခသည်စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ကမန်တိုင်းရင်းသားများ၊ ကမန်မ ဟုတ်သော မွတ်ဆလင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်သို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana က ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ သွားရောက်ခဲ့သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်