ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, August 7, 2012

 ပြည်သူ့လွှတ်တော်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အသစ်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တို့က ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေးအဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ်ထိန်းကျောင်းရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက
ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ကော်မတီကို (၁) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ- ကော့မှူးမဲဆန္ဒနယ်၊ (၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင် (၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင် (၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com