ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, August 12, 2012

 တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ပြုလုပ်


7453
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ပြည်သူ့ လွှတ်တော် ကော်မတီရေးရာဆောင် I-12 တွင် သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ကော်မတီအ ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဦးချင်း မိတ်ဆက်ခြင်း၊ ကော်မတီအဖွဲ့ဝင် တစ်ဦးချင်းစီ၏ ကော်မတီအပေါ် အမြင်များ တောင်းခံခဲ့ကြောင်း သိရှိရသည်။
ကော်မတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အ စိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်သူ အားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိ ကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော် သို့ တင်ပြရမည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စ များဖြစ်ပေါ်ရန်အကြောင်း ပေါ်ပေါက်လာပါက၊ ပေါ်ပေါက်သည်ဟု ယူဆ ပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်လာရေး အတွက် လေ့လာသုံးသပ် ဆောင်ရွက်ရမည်။ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ ရှိက လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစည်းအဝေးမျာကို အပတ်စဉ် ကြာသပတေးနေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com