''အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေ တိုးပြီးရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ အများပြည်သူကို လျပ်စစ်ဓာတ်အား ပိုပေးမယ်။ ည ၁၁ နာရီကနေ မနက် ၅နာရီအထိ အများပြည်သူကို ညစဉ် လျှပ်စစ်မီး ပေးသွားပါမယ်''ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် အလုံ၊ လှော်ကား၊ သာကေတ၊ ရွာမမြို့နယ်များ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိပြီး ၎င်းတို့မှာ လည်ပတ်လျက်ရှိသည်။ နယ်မြို့များရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ မရရှိမှုကြောင့် ရပ်နား ထားရကြောင်း သိရှိရသည်။
အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေ တိုးပြီး ရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ် ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် . . . |
လျှပ်စစ်တာဝါတိုင်များ ပြန်လည်ပြုပြင်ရာတွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ အား ပြန်လည်ပြင်ဆင်မှု လုပ်ငန်းများ ၁၀၀ ရာနှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ တာဝါတိုင်အမှတ် ၂၀၇ ပြုပြင်မှုမှာ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မေလ ၂၉ ရက်နေ့က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်