နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်တော့မည်မဟုတ်ဘဲ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များတွင် သာ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးအဖြစ် လာရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန(TNA) ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thani Thong- pakdi က ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကိုယ်စား စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်မည်ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။ အဆိုပါဖိုရမ်သို့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအိုနှင့် ဘာရိန်းတို့မှ အစိုးရအဖွဲ့ အကြီးအကဲများအပါအ၀င် ဒေသတွင်းခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဖိုရမ်သို့ တက်ရောက်ကာ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
အဆိုပါဖိုရမ်သို့ ဒေသတွင်းခေါင်းဆောင်များ အပါအ၀င် ဖိုရမ်တက်ရောက်သူ ၆၀၀ ကျော်ခန့်ရှိမည်ဟု ပွဲစီစဉ်သူများက မျှော်မှန်းထားသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်