Saturday, June 2, 2012

 ဖူကူရှီးမား နျူအကျပ်အတည်းနှင့် ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်းကို လွှတ်တော်တွင် စစ်ဆေးမေးမြန်း


ဂျပန်လွှတ်တော်တွင် နာအိုတိုကန် မေးခွန်းများ ဖြေကြားရှင်းလင်းစဉ်

ဂျပန်တွင် ၂၀၁၁ ခုနှစ်၊ မတ်လ ၁၂ ရက်က အင်အားပြင်း ငလျင်နှင့် ဆူနာမီကြုံတွေ့ခဲ့ရပြီးနောက် ဖူကူရှီးမား နျူကလီးယားအကျပ်အတည်း ကြုံတွေ့ခဲ့ရာ ယင်းနျူအကျပ်အတည်း ထိန်းချုပ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း နာအိုတိုကန်ကို မေလ ၂၈ ရက်တွင် လွှတ်တော်၌ စစ်ဆေးမေးမြန်းခဲ့သည်။

ကန်သည် ဆူနာမီဖြစ်ပြီး နောက်တစ်နေ့တွင် ဖူကူရှီးမားနျူစက်ရုံသို့ သွားရောက်ခဲ့သဖြင့် အနှောင့်အယှက် ဖြစ်စေခဲ့သည်ဆိုကာ ဝေဖန်ခံရသည်။
သို့သော် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်အပြီး လုပ်ဆောင်ခဲ့မှုများအတွက်မူ ချီးကျူးခံရသည်။ ကန်၏ ၀င်ရောက်စွက်ဖက်မှုကြောင့် အကျပ်အတည်းမှာ ပိုမိုဆိုးရွားစေသည့် အခြေအနေမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း ယင်းဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသည့်အဖွဲ့က ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။
ငလျင်နှင့်ဆူနာမီကြောင့် အကျပ်အတည်းဖြစ်နေစဉ် ဖူကူရှီးမား နျူစက်ရုံပိုင်ရှင် တိုကျို လျှပ်စစ်စွမ်းအင်ကုမ္ပဏီ TEPCO က ယင်းစက်ရုံကိုစွန့်ခွာ၍ အလုပ်သမားများအား ရွှေ့ပြောင်းရန် ဆန္ဒရှိခဲ့သည်။ သို့သော် ကန်က အလုပ်သမားများကို စက်ရုံတွင် ဆက်ထားရန် ညွှန်ကြားခဲ့သည်။ အကယ်၍ စက်ရုံကိုသာ စွန့်ခွာသွားပါက ထိန်းချုပ်မရနိုင်ဖြစ်ပြီး ပိုမိုဆိုးရွားသော နောက်ဆက်တွဲများ ကြုံရနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ကောက်ချက်ချခဲ့သည်။

ကန်လက်ထက် အစိုးရအဖွဲ့ အကြီးတန်းပြောခွင့်ရပုဂ္ဂိုလ် ယူကီယိုအီဒါနိုကိုလည်း မေလ ၂၇ ရက်တွင် လွှတ်တော်၌ မေးမြန်းခဲ့သည်။

ဖူကူရှီးမားစက်ရုံသို့ ကန်က ချက်ချင်းသွားရခြင်းမှာ TEPCO ၊ နျူကလီးယားနှင့် စက်မှုလုပ်ငန်း ဘေးကင်းရေးဆိုင်ရာ အေဂျင်စီတို့မှာ ယင်းနျူအကျပ်အတည်းနှင့် ပတ်သက်၍ ချီတုံချတုံ မဆုံးဖြတ်နိုင်ဖြစ်နေ၍ ဖြစ်ကြောင်း အီဒါနိုက ထွက်ဆိုခဲ့သည်။ အချုပ်အခြာအာဏာပိုင်နက် အပေါ် စိုးရိမ်၍ ဂျပန်ဝန်ကြီးချုပ်ရုံးခန်းတွင် နျူကလီးယားကျွမ်းကျင် ပညာရှင်များထားရှိရန် အမေရိကန်၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း စက်မှုဝန်ကြီးတစ်ဦးလည်းဖြစ်သူ အီဒါနိုက ပြောကြားခဲ့သည်။
Ref:AFP

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်