ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, October 21, 2011

မိုးသည်းထန်စွာရွာသွန်းပြီး ပခုက္ကူ ဒေသတစ်ဝိုက် ရေနစ်မြုပ်ကာ လူ ၄၀ ဦး ၀န်းကျင်ပျောက်ဆုံးပြီး၊ လူပေါင်း ၁၅၀၀ ကျော် အား ကယ်ဆယ်ထားရကြောင်း ကနဦးသတင်းရရှိ

AddThis Social Bookmark Button
b29_23
ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတားကိုတွေ့ရစဉ်

မိုးသည်းထန်စွာရွာသွန်းပြီး ဆည်၊ကန်၊ ချောင်းရေများလျှံတက်ကာ ပခုက္ကူမြို့ဒေသတစ်ဝိုက် ရေနစ်မြုပ်မှု ဖြစ်ပွားလျှက်ရှိကြောင်း ကနဦးသတင်းအရ လူပေါင်း ၄၀ ၀န်းကျင် ပျောက်ဆုံးလျှက်ရှိပြီး ၁၅၀၀ ကျော် အား ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ကယ်ဆယ်ထားရေကြောင်း သတင်းရရှိပါသည်။

အထူးသဖြင့် ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရေနစ်မြုပ်မှုဒဏ် အပြင်ထန်ဆုံး ခံစားရပြီး အိမ်ခြေ (၂၀၀) ကျော်မှာ ရေလွှမ်းမိုးခံရကြောင်း၊ ပခုက္ကူမြို့ တိလောကရာမ ကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်း အထိ လူ (၁၅၀၀) ကျော်အား ကယ်ဆယ်ထားရကြောင်း သိရသည်။

အောက်တိုဘာလ (၁၇)ရက်နေ့တွင် မိုးစတင်ရွာသွန်းခြင်းဖြစ်ပြီး အောက်တိုဘာလ (၁၉) ရက်နေ့တွင် မိုးသည်ထန်စွာ ထပ်မံရွာသွန်းခြင်းကြောင့် ပခုက္ကူမြို့ရှိ ရွှေချောင်းအတွင်း ရေအလုံးအရင်းဖြင့် စီးဝင်ကာရွှေချောင်းတစ်လျှောက်ရှိ ဆိတ်၊နွား တိရိစ္ဆာန်များ အများအပြား မျောပါပျောက်ဆုံးခြင်း၊ လူနှင့် အိမ်ခြေများ ရေလွှမ်းခံရခြင်း များဖြစ်ပေါ်ခဲ့သည်။

ယခုရေနစ်မြုပ်ရာ ဒေသတစ်ဝိုက်တွင် ဆည် (၆)ခုနှင့် ရေကန် (၁၅)ခု ရှိပြီး အောက်တိုဘာလ (၁၇)ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဆည်နှင့်ကန်များအတွင်း ရေအများအပြား ရှိနေခဲ့ကြောင်း၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ထပ်မံ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလျှံကာ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

“ပခုက္ကူအရှေ့ဘက်က မြို့နယ်အုပ်ချုပ်ရေးမှုးရုံ၊ ခရိုင်အုပ်ချုပ်ရေးမှုရုံးတွေနားမှာ ရှိတဲ့ တံတားကျိုးသွားတယ်။ ချောင်းရေကြောင့် ရေထဲပါသွားတဲ့ အိမ်ခြေက ၂၀၀ လောက်ရှိတယ်။ ကျူးကျော်ဖက်မှာဆိုရင် အိမ်ခြေ ၁၀၀ လောက်ရှိတယ် ” ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ကူညီဆောင်ရွက်မည့် လူမှုရေးအဖွဲ့အစည်းများကလည်း ကူညီရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

2:30 PM

ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် ပေါက်လမ်းမပေါ်ရှိ ရွှေချောင်းတံတား၏ ရေလယ်တိုင်အမှတ်(၉) မှ (၁၃) အထိ ရေတိုက်စားခြင်းခံရကြောင်း၊ ရေလယ်တိုင် သုံးတိုင်ကျိုးကာ နှစ်တိုင်ကျန်ခဲ့ကြောင်း သိရှိရသည်။ "အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းမှာ တံတားကျိုးကျခဲ့တယ်၊ ချောင်းရေစီးနဲ့အတူ တဲအိမ် အလုံး ၂၀ လောက် ရေထဲမှာ မျောပါလာတာတွေ့ရတယ်၊ ဒီနေ့(အောက်တိုဘာလ ၂၁ ရက်)မနက် ၁၀ နာရီ ၀န်းကျင်မှာတော့ ရေပြန်ကျသွားတယ်" ဟု အမှတ်(၁) ဖောင်တော်ဦးရပ်ကွက် ဒေသခံတစ်ဦးက ပြောပါသည်။

4:30 PM

မိုးသည်းထန်စွာရွာသွန်းပြီး ပခုက္ကူ ဒေသတစ်ဝိုက် ရေနစ်မြုပ်ခြင်းကြောင့် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအထိ လူ ၁၄၇ ဦး သေဆုံးကြောင်း သိရှိရ။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com