ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, October 20, 2011

ခြေနှစ်ဖက် လက်နှစ်ဖက်စလုံးမရှိသည့် အမေရိကန်နိုင်ငံသား အာဖရိကတိုက်ရှိ အမြင့်ဆုံးတောင်ပေါ်သို့ ခြေတု လက်တုမသုံးဘဲ တက်ရောက်ရန် ကြိုးပမ်းနေ

w73_09

ခြေနှစ်ဖက်လက်နှစ်ဖက်စလုံးမရှိသည့် အမေရိကန်နိုင်ငံသား ကိုင်လီမေနာ့တ်သည် ပေ ၁၉၃၄၀ မြင့်သော ဆီးနှင်းများဖုံးလွှမ်းနေသည့် ကီလီမန်ဂျာရိုးတောင်ပေါ်သို့ ခြေတုလက်တုမသုံးဘဲ တက်ရောက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ မေနာ့တ်သည် ပြီးခဲ့သည့် ဇန်န၀ါလကတည်းက အာဖရိကတိုက်တွင် အမြင့်ဆုံးတောင်ဖြစ်သော ကီလီမန်ဂျာရိုးတောင်ကိုတက်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ မေနာ့တ်သည် မွေးရာပါ ခြေလက်မပါသူဖြစ်ပြီး တံတောင်ဆစ်အောက်ပိုင်းတွင် လက်ဆက်မရှိတော့သလို ဒူးခေါင်းအောက်တွင်လည်း ခြေထောက်ဆက်မရှိတော့သူ ဖြစ်သည်။

သိုင်းသမားလည်းဖြစ်သလို မသန်စွမ်းသူများအား မလျော့စေရေး စေ့ဆော်သူနှင့် စာရေးဆရာလည်းဖြစ်သည့် မေနာ့တ်သည် အခြားသော ဒဏ်ရာအသီးသီးရရှိထားကြသည့် အမေရိကန်စစ်ပြန်များနှင့်အတူ တက်ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။တန်ဇန်းနီးယားနိုင်ငံရှိ ယင်းတောင်ကြီးထိပ်ကို ရောက်ရှိရန် တစ်ပတ်မျှကြာမြင့်မည်ဖြစ်သည်ဟု သိရသည်။

Ref;Daily Mail



0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com