Wednesday, October 19, 2011

နှစ်ခြိုက်စွာအိပ်ပျော် စေနိုင်သောနည်း(၅) နည်း

တစ်နေ့လုံးမိမိ ပြုမူခဲ့သမျှတွေကသင်၏ အိပ်စက်မှု အပေါ်သက်ရောက်မှုရှိပါသည်။ မည်ကဲ့သို့နည်း၊ အဘယ် ကြောင့်နည်း။
၁။ နံနက်ခင်းသင်၏ခန္ဓာကိုယ်၏ သဘာဝနာရီကိုလေ့ကျင့်ပေးရမည်။ နေ့ စဉ်နံနက်တိုင်းအိပ်ယာမှ ထချိန် တစ်သတ်မှတ်တည်း ဖြစ်ပါကသင့် ခန္ဓာကိုယ်၏ဇီဝနာရီ biological clock နှင့်အလွန်သဟဇာတကိုက်ညီမည်ဖြစ် ပါသည်။ ထို့ကြောင့် ညဥ့် အချိန်မှာအိပ်စက်ရန်အတွက်ဖြစ်ပြီးနံနက် ၇ နာရီမှ အိပ်ယာမှထ၊ ချိန်၊ နှိုးချိန်ဟုဇီဝနာရီက ညွှန်ကြားဘိသကဲ့သို့ ဖြစ်မည်။
၂။ နေ့လည် လှုပ်ရှားမှုများကအားကစားဆန် ရမည်။ သိပ်အားကစားမဆန်လိုလျှင် နေ့လည်စာစားချိန် အားလပ်ချိန် (lunch break)၌ခေတ္တ လမ်းလျှောက်ခြင်း၊ အသားညှပ် ပေါင်မုန့် (သို့) စားစရာတစ်ခုခုဝယ်ရန် အတွက် စက်ဘီးစီးထွက် ခြင်း၊ စသည်တို့ကသင်၏ အိပ်ပျော်ချိန်ကို ၄၂ မိနစ်အထိပင် တိုးမြှင့်သွားစေ နိုင်ပါသည်။
၃။ အလုပ်ချိန်အပြီးညဥ့်အချိန် သိပ်နောကျသည်အထိအလုပ်မလုပ်ပါနှင့်။ အလုပ်ခွင် တစ်ခုမှ ရုံးဝန်ထမ်းထက် ဝက်ခန့်မှာအိမ်သို့ အလုပ်ယူသွားတတ်ကြသည်ဟုဩစတြေးလျနိုင်ငံမှ သုတေသန ပြုချက် က ဆိုထား၏။ အိပ်ယာမဝင်မှီကွန်ပြူတာမော်နီတာမှ အလင်းရောင်ကို မြင်ရခြင်းကပင် သင်၏ အိပ်ချိန်နာရီကို ၃ နာရီခန့် နောက်သို့ ရွှေ့ပစ်လိုက်နိုင်၏။
၎။ ညစာစားချိန် ကိုဘိုဟိုက်ဒြိတ် (ကစီဓာတ်)ကိုစားပါ။ သုတေသနပြုချက်များအရ အိပ်ယာမဝင်မှီ၎ နာရီခန့် ကာဘိုဟိုက်ဒြတ်များစွာပါဝင်သောအစားအစာကိုစားခြင်းဖြင့် အိပ်မောကျချိန်ကိုပိုမိုနီးကပ်လာစေနိုင်ကြောင်းတွေ့ရှိကြရ၏။
၅။ အိပ်ယာဝင်ချိန် အေးမြအောင်ပြုလုပ်ပါ။ သင်၏အိပ် ခန်းအတွင်းမှ အပူချိန်ကိုလျော့ချခြင်း က သင်၏ ခန္ဓာကိုယ်အားအိပ်ချိန်ရောက်ပြီဟုအချက်ပေးသကဲ့သို့ဖြစ်သည်ဟုအိုဟိုင်ရိုကီတာရင်းဆေးပညာဌာနမှ သုတေသန ပြုချက်ကတင်ပြခဲ့ပါသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်