Wednesday, October 19, 2011

ကမ္ဘာ့ဈေး အချိုဆုံး လက်ပ်တော့(ပ်)ကို ဘင်္ဂလားဒေ့ရှ် မိတ်ဆက် ပြသ

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ၎င်းရဲ့ ပြည်တွင်းဖြစ် laptop
တစ်မျိုးကိုထုတ်ဖော် ပြသလိုက်ပြီးအဲ့ဒီလက်ပ်တော့(ပ်)ဟာကမ္ဘာပေါ်မှာဈေးအချိုဆုံး ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ ဒိုရာလို့ အမည်ရတဲ့ အဲ့ဒီလက်ပ်တော့(ပ်)ကို မြို့တော် ဒါကာမှာ ၀န်ကြီးချုပ် ရှီးခ် ဟာဆီနာကအခမ်းအနားနဲ့ ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပြီးဒါဟာ နိုင်ငံအတွင်းမှာထုတ်လုပ်တဲ့ ပထမဆုံးလက်ပ်တော့(ပ်) တစ်မျိုး ဖြစ်ကြောင်းသိရပါတယ်။

ဒိုရာလက်ပ်တော့(ပ်)ကိုအစိုးရပိုင် Telephone ShilpaSangsthaကုမ္ပဏီကမော်ဒယ်(၄)မျိုးထုတ်လုပ်မှာ ဖြစ်ပြီး android အော် ပရေးတင်းစနစ် သုံးထားတဲ့ အဲ့ဒီလက်ပ်တော့(ပ်) တစ်မျိုးကို ကြမ်းခင်းဈေးအနေနဲ့ အမေရိကန် ဒေါ်လာ (၁၃၀)ခန့် ကျသင့် မှာ ဖြစ်ပါတယ်။ ကနဦးအနေနဲ့ အဲ့ဒီလက်ပ်တော့(ပ်)တွေကိုအစိုးရဌာနမျိုးစုံကို ဖြန့်ချိပေးမှာ ဖြစ်ပြီးနောက်ပိုင်းမှာတော့ ကျောင်းသူကျောင်းသားသန်းပေါင်းများစွာနဲ့ ပြည်သူလူထုသုံးစွဲနိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။ ယခုလက်ပ်တော့(ပ်) မှာတပ်ဆင် ထားတဲ့ စက်ပစ္စည်းအစိတ်အပိုင်း (၁၀)ရာခိုင်နှုန်းကိုသာ ပြည်တွင်းကထုတ်လုပ်ပြီးအများစုကိုတော့ နိုင်ငံခြားမှ တင်သွင်းခဲ့ တာ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် (၆)လအတွင်းအဲ့ဒီလက်ပ်တော့(ပ်)အတွက် လိုအပ်မယ့် စက်အစိတ်အပိုင်းတွေရဲ့ (၆၀)ရာခိုင်နှုန်းကို ပြည်တွင်းမှာထုတ်လုပ်တော့မှာ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းအင်တာနက် ဆက်သွယ်မှု အခြေအနေကတော့ အဆင့်နိမ့်ပါးဆဲ ဖြစ်ပြီးအခုလိုလက်ပ်တော့(ပ်) တစ်မျိုးထဲ ထုတ်ဝေ ဖြန့်ချိပေးရုံနဲ့ တိုင်းပြည်ရဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်မှုကိုအထောက်အကူမပေးနိုင်ကြောင်း ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ (၂၀၁၂)ခုနှစ် မှာ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်လ် နည်းပညာချိတ်ဆက်မှုနဲ့ ပတ်သက်ပြီးရည်မှန်းချက်ထားလုပ်ဆောင်နေကြောင်းသိရပါတယ်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်