အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်၊ မ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က သဘောတူလိမ့် မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးဝင်းထိန်က ပြောကြားခဲ့သည်။
"အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်၊ မ၀င်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဆုံးဖြတ်ပါမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ၀င်ဖို့ ဆုံးဖြတ်ရင် သူဝင်မယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ သဘောထားကတော့ တူပါလိမ့်မယ်"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ် ပြိုင်ဖွယ်ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်က "ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်ရေး၊ မ၀င်ရေး၊ စည်းမျဉ်းစည်းကမ်းအရ ကျွန်မတို့ နေရာ သုံးနေရာမှာတော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ တစ်ကယ်ပြောရမယ်ဆိုရမယ် ဆိုလို့ရှိရင် ဒီသုံးနေရာနဲ့ပဲ စတိပေါ့၊ အဖွဲ့ရဲ့ ရပ်တည်ရေးအတွက် လုပ်မှာလား။ လစ်လပ်နေရာ အားလုံးမှာ ယှဉ်ပြိုင်ပြီးတော့ ၀င်ကြမှာလားဆိုတော့ အများစုက ယှဉ်ပြိုင်ပြီးတော့ ၀င်မယ်လို့ ပြောတာ ရှိပါတယ်။ တချို့ကတော့ ခပ်တိုတိုပြောရရင် ကျွန်မသဘောအတိုင်းပဲ လုပ်ပါမယ်လို့ ပြောပါတယ်။ ကျွန်မသဘောအတိုင်းကတော့ ကျွန်မကတော့ ယှဉ်ပြိုင်စေချင်တယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ တက်ရောက်လာသူများအား ပြောကြားခဲ့ သည်။
လစ်လပ်မဲဆန္ဒနယ် ၄၈ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး ပြည်နယ်Aက်ာမရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလ ဒုတိယပတ်က အကြောင်းကြားထားပြီး၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်လျက်ရှိသည်။
လစ်လပ်မဲဆန္ဒနယ်များ အလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမည့် မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုးသားလွှတ်တော် နှစ်နေရာ (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း)၊ အမျိုးသားလွှတ်တော် တစ်နေရာ(အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီးလွှတ်တော်တစ်နေရာ (က၀မြို့နယ် မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသားလွှတ်တော်တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် ၁၀ နေရာ (ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီ လာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ(မော် လမြိုင်)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်း ကူး၊ မရမ်းကုန်း)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ (ကလော)၊ အမျိုးသားလွှတ်တော် တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ငါးနေရာ(ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်)၊ အမျိုးသားလွှတ်တော်တစ်နေရာ (ဖျာပုံ၊ ဒေးဒရဲ)၊ တိုင်းဒေသကြီးလွှတ်တော်တစ်နေရာ (ရေကြည် မြို့နယ်-မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Friday, November 18, 2011
ဒေါ်အောင်ဆန်းစုကြည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ၀င်၊ မ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်မည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် အားလုံး
Labels:
သတင်း
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်