ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, November 15, 2011

ရထားလက်မှတ်ခ တိုးမြှင့်မည်ဆိုပါက အခြေခံလူတန်းစားများ မသက်သာ

ရထားလက်မှတ်များ တိုးမြှင့် မည်ဆိုပါက အခြေခံ လူတန်းစားများ အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်သည်ဟု ကုန်သည်များနှင့် ရထားစီးနင်းသူများက သုံးသပ်ကြ သည်။ ”ရထားခ တန်ဆာခတက်ရင် အဓိကကတော့ ဝယ်ယူစားသုံးတဲ့ သူက ပိုပေးရမှာပဲ၊ ဘယ်ကုန်သည် ကမှ ၁ဝဝမြတ်နေတာကို ၅ဝ လျှော့ပြီးယူမှာတော့ မဟုတ်ဘူး” ဟု ရထားဖြင့် မန္တလေးသို့ စားသောက် ကုန်စည်များတင်ပို့နေသူ ကုန်သည် တစ်ဦးကပြောသည်။ မြန်မာ့မီးရထားမှ လက်ရှိပြေး ဆွဲနေသော နှုန်းထားများသည် အရှုံးခံ ပြေးဆွဲ နေရခြင်းဖြစ်၍ တစ်နိုင်ငံလုံးရှိ ရထားလက်မှတ်ခနှုန်းထား များတိုးမြှင့်ရန် လွှတ်တော်၌ တရားဝင် ပြောကြားခဲ့ကြောင်း၊ တိုးမြှင့်နှုန်းထား သတ်မှတ်ရန်မှာ လွှတ်တော်နှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ ဝန်ကြီး ဌာန၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း လွှတ်တော်သတင်းများ အရသိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရထား ပို့ဆောင် ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးအား မေးမြန်းရာတွင် ”လူကြီးတွေ အားလုံးစုံပြီး ဆုံး ဖြတ်နေပါပြီ ၁ လတောင်မကြာ ပါဘူး၊ ပြည်သူကို တရားဝင်ထုတ်ပြန် ပေးသွားဖို့ရှိပါတယ်”ဟု ဆိုသည်။ ၂ဝ၁ဝ ခုနှစ်မှစ၍ အဝေးပြေး ကုန်တင်ယာဉ်များ အာဆီယံစံညွှန်း အတိုင်း အဆင့်ဆင့် ကုန်စည်တင် ဆောင်မှုကြောင့် တန်ဆာခနှုန်း ထား များမြင့်တက်လာခဲ့ပြီး၊ ကုန်သည် များအနေနှင့် ရထားဖြင့် ကုန်စည် တင်ဆောင်မှုကို ပိုမိုပြုလုပ်လာခဲ့ ကြသည်။ အကယ်၍ ရထားခနှုန်း ထားများတိုးမြင့်ပါကလည်း ကားခ ထက်ပိုမိုသက်သာသောနှုန်းထားဖြစ် ရန် မျှော်လင့်ကြောင်း ၄င်းတို့က ဆိုသည်။ ”တွက်ကြည့်ရင် ကားခထက် တော့လျော့မယ်ထင်တယ်၊ ဘာဖြစ် လို့လဲဆိုတော့ ရထားက အစတည်း ကိုက ကားခထက်အများကြီးသက် သာနေတယ်၊ နောက်ပြီး အများ ပြည်သူတို့အားကိုးနေရတဲ့ထဲမှာ လည်းပါတော့၊ ဆိုးဆိုးရွားရွား လုပ်ပစ်မယ် မထင်ပါဘူး”ဟု ပုံမှန်မြို့ပတ် ရထားစီးနင်းသူ အသက် ၅၅ နှစ် ကျော်အရွယ်ရှိ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကပြောသည်။ ရန်ကုန်မြို့တွင်ပင် မြို့ပတ် ရထားအား နေ့စဉ် စီးနင်းသူ ၁ သိန်း ဝန်းကျင်ရှိနေပြီး အခြေခံလူတန်းစား များအားထားရာဖြစ်နေသောကြောင့် နှုန်းထားတိုးမြှင့်ပါကလည်း ခုသာ ခံသာရှိရန်လိုကြောင်း ရထားစီးပြည် သူအချို့က သုံးသပ်သည်။ ”တစ်လလုံးစီးမှ ကျပ် ၃ဝဝ ပဲကျတဲ့အတွက် တစ်နေ့ကို ကျပ် ၁ဝဝဝ နဲ့ ၁၅ဝဝကြားရတဲ့သူတွေ အဓိက အားထားနေရတယ်။ တကယ်လို့ ကျပ် ၁ဝဝလောက်သာ ဖြစ်မယ်ဆိုရင်တော့တော်တော်အကျပ် အတည်း တွေ့နိုင်တယ်။ ချမ်းသာ တဲ့သူတွေ အနေနဲ့ ကျပ်၁ဝဝဟာ တန်ဖိုးနည်းပေးမယ့် ကျွန်တော်တို့ အတွက် ကတော့ တန်ဖိုးရှိတာတော့ အမှန်ပဲ”ဟု ရထားလပေးစီးနင်းသူ ဝန်ထမ်းတစ်ဦးက ပြောသည်။ နိုင်ငံတကာ၌ မြို့ပတ်ရထား ပြေးဆွဲမှုများကို အရှုံးခံကာ ပြေးဆွဲ ပေးနေမှု များရှိနေသည်ကို လေ့လာ တွေ့ရှိရပြီး၊ အမြတ်ကို ကျန်သည့် ရထားပတ်ဝန်းကျင်မှ ဝန်ဆောင်မှု များနှင့် ရှာယူလေ့ရှိကြောင်း မြို့ပတ် ရထားလေ့လာဆန်း စစ်မှုစာတမ်း တစ်စောင်မှ သိရသည်။ လက်ရှိတွင် နှစ်စဉ် ငွေကျပ်သန်းပေါင်း မြောက်မြားစွာ အရှုံးခံနေရသည့် ဝန်ကြီးဌာန ၃၊၄ ခုခန့်ရှိ နေပြီး လက်ရှိထက်ပိုမိုတိုးမြှင့် ကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။
မင်းသုအောင်၊ မေဇင်ဝင်း

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com