ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Monday, November 14, 2011

ပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်ပါက မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် လက်တွဲရန် အသင့်ဖြစ်နေပြီ

771

နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်ပါက မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် လက်တွဲရန် အသင့် ဖြစ်နေပြီဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နိုဝင်ဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အမေရိကန် ဟိုနိုလူလူ ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်များအတွင်း အပြောင်းအလဲအချို့ကို စတင်တွေ့နေရပြီ ဖြစ်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ဆက်လက် ထိန်းသိမ်းထားခြင်း အပါအ၀င် မေးခွန်းများစွာမေးစရာ ဖြစ်နေကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ရေရှည်တည်တံ့နိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းရင်းသား နယ်မြေများတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့ တိုးချဲ့ဆောင်ရွက်ရန် လိုနေကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။


အမေရိကန်သည် မြန်မာနိုင်ငံကို အသေးစားလုပ်ငန်း ချေးငွေနှင့် စိုက်ပျိုးရေးလုပ်ငန်း ချေးငွေများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း . . .

အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ပူးတွဲကျင့်သုံး လာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက် ခဲ့ပြီး အောက်တိုဘာလ ၂၅ ရက်နေ့ တွင် ဒုတိယအကြိမ် လာရောက်ခဲ့ ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် တတိယအကြိမ် ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် က အမေရိကန်သည် မြန်မာနိုင်ငံကို အသေးစားလုပ်ငန်း ချေးငွေနှင့် စိုက်ပျိုးရေးလုပ်ငန်း ချေးငွေများ တိုးမြှင့် ပေးသွားမည်ဖြစ်ကြောင်း နိုဝင် ဘာလ ၄ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အချိန် နှစ်လ အတွင်း သုံးကြိမ်မြောက် ရောက်ရှိလာသည့် ဒဲရက်မစ်ချဲလ်၏ တတိယ ခရီးစဉ်၌ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာလည်း လိုက်ပါလာခဲ့သည်။ အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်က တည်းက စတင်ခဲ့သည်။

Ref: AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com