ပြည်သူလူထု သြဇာအောက်က ပြည်သူ့အစိုးရ ဖြစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁၇-၁၁-၂၀၁၁ ရက်တွင် ပြောကြားလိုက်သည်။ ၁၇-၁၁-၂၀၁၁ ရက်က လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်အခမဲ့စာ သင်ကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ နိုင်ငံကောင်းဖို့ဆိုတာ အစိုးရမှာလည်း တာဝန်ရှိသလို နိုင်ငံသူနိုင်ငံသားများမှာလည်း တာဝန်ရှိတယ်။ တစ်ချိန်လုံး ဒီမိုကရေစိ လိုချင်တယ်လို့ ပြောနေကြတယ်။ နိုင်ငံသူနိုင်ငံသားတွေက အစိုးရကို ထိန်းကွပ်ထားမယ်။ ပြည်သူတွေက ရွေးချယ်နိုင်ရမယ်။ ပြည်သူတွေရဲ့ အစိုးရဆိုတာ ပြည်သူတွေရဲ့ သြဇာအောက်မှာ သာဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ပြည်သူတွေ အားလုံးအတွက် ကောင်းမွန်တဲ့ပညာရေး စနစ်တစ်ခုလိုတယ်။ မိဘတွေရော ကျောင်းသားတွေပါ စိတ်ချမ်းသာစေမယ့် ပညာရေးစနစ်တစ်ခုကို ကျွန်မတို့ထူထောင်နေတာ ဖြစ်တယ်။ တစ်နိုင်ငံလုံး မဟုတ်ပေမယ့် တစ်ပိုင်တစ်နိုင် လုပ်နေတာပါ ဟုဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ အနာဂတ်ဟာ ကျောင်းသူ ကျောင်းသားလူငယ်တွေရဲ့ လက်ထဲမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ နိုင်ငံရေးရဲ့ အခြေခံကို နားလည်ဖို့လိုတယ်။ နိုင်ငံရေးကို နားလည်မှ နိုင်ငံအနာဂတ်ကို လိုချင်သလို တည်ဆောက်လို့ရမှာ ဟု ယင်းကဆက်ပြောသည်။
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Monday, November 28, 2011
ပည်သူလူထု သြဇာအောက်မှ ပြည်သူ့အစိုးရဖြစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
Labels:
သတင်း
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်