ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, November 25, 2011

ပြည်ထောင်စုဝန်ကြီး အချို့ နေရာ ထပ်မံပြောင်းလဲ

၈လသက်တမ်းရှိ အစိုးရသစ် လက်ထက် ပြည်ထောင်စု ဝန်ကြီးများအား ဌာနပြောင်းရွှေ့ မှုတစ်ခု ဒုတိယအကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဗဟိုအစိုးရအ ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ”လက်ရှိ သမဝါယမပြည် ထောင်စုဝန်ကြီးကို မွေး/ရေဝန်ကြီး ဌာနပူးတွဲ တာဝန်ယူရမယ်လို့ သိထားပါတယ်”ဟု ဝန်ကြီးဌာနများ နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဆိုသည်။ ထို မွေး/ရေဝန်ကြီးဌာနကို ယခင်က စီမံ/စီးပွားပြည်ထောင်စု ဝန် ကြီးဦးတင်နိုင်သိန်းမှ ပူးတွဲတာဝန်ယူ ခဲ့ဖူးပြီး ယခုပြောင်းလဲချက်ကြောင့် သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ထံသို့ ဦးတင်နိုင်သိန်းမှ တာဝန်ယူလွှဲပြောင်း ပေးရ တော့မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိ ဗဟိုအစိုးရအဖွဲ့သည် ဝန်ကြီးဌာန ၃၃ ခုကို ပြည်ထောင်စု ဝန်ကြီး ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ယခင်က အမှတ်(၁) စက်မှုဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအပြောင်း အလဲကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ”အဲဒီတုန်းက အမှတ်(၁)စက် မှုဝန်ကြီးက ဦးကျော်စွာခိုင်ပဲ။ သူ့ နေရာကို အရင်ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးဟောင်း ဦး စိုးသိန်းကို တာဝန်ယူခိုင်းတယ်။ ကြည့်ရတာတော့ ဒီအစိုးရအဖွဲ့က သူ့လိုင်းနဲ့သူ ကျွမ်းကျင်တာ ကို တာဝန်ယူ စေတဲ့သဘောလုပ် ဆောင်နေတာ ဖြစ်မယ်”ဟု ဝန်ကြီး ဌာနများနှင့် နီးစပ်သူက ထပ်မံဆိုသည်။ မွေး/ရေဝန်ကြီးဌာနအား တာဝန်ယူခဲ့သည့် ပြည်ထောင် စုဝန်ကြီး ဦးတင်နိုင်သိန်းမှာ စီမံ/စီးပွားဝန်ကြီး ဌာနတစ်ခုထဲကိုသာ တာဝန်ယူရ မည်ဖြစ်ပြီး ၄င်းမှာ ပြည်ထောင်စု ဝန်ကြီးအသိုင်းအဝိုင်း၌ ပြုပြင်ပြောင်း လဲမှုကိုလိုလား သူ၊ စီးပွားရေးအမြင် ရှိသူတစ်ဦးဟု နာမည်ထွက်သူတစ် ဦးဖြစ်ကြောင်း သိရသည်။
PN-051

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com