သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်း ၈ လအကြာ၌ တိုင်းဒေသကြီး ဝန် ကြီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးခင်ဇော်မှာ ယမန်နေ့က ရာထူးမှ အနားပေး ခြင်း ခံလိုက်ရကြောင်း ဗဟို အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ”ဒီနေ့ ရန်ကုန်ကို ဦးခင်ဇော် ရောက်လာပြီး အထုတ် အပိုးတွေ အများကြီးနဲ့၊ ဒီတော့ ကြည့်ရတာ ရာထူးက အနားပေးခံရတာ သေချာ သလောက်ရှိသွားပြီ” ဟု အမည် မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ယခင် အစိုးရ လက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ် ဘက်ဆိုင်ရာ တာဝန်များကို ထမ်း ဆောင်ခဲ့ဖူးပြီး ယခု အစိုးရသစ် လက်ထက်၌ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးခင်ဇော်မှာ မည်သည့် အချက်ကြောင့် ယခုကဲ့သို့ ရာထူးမှ အနားပေးခံရသည်ကို မည်သူမှ တိကျစွာ ထုတ်ဖော်ပြောဆို နိုင်ခြင်း မရှိသည်ကိုလည်း ပေါ်ပြူလာ နယူးစ်မှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်လပိုင်း အတွင်းက လည်း ရှမ်းပြည်နယ်အဆင့်ရှိ ဝန် ကြီးတစ်ဦး၏ တရားဝင်နှုတ်ထွက် သွားခဲ့မှုလည်း ရှိခဲ့ကြောင်း အစိုးရ မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။
PN-051
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Friday, November 25, 2011
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်