ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, November 18, 2011

ရာသီဥတု ဖောက်ပြန်မှုကြောင့် သက်ရှိသတ္တ၀ါများ အရွယ်အစားပြောင်းလဲ

သဘာဝတ္ထပညာရှင်ကြီး ချားစ်ဒါဝင်၏ ကျမ်းကြီးတစောင်ဖြစ်သော The Origin of Species တွင် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တ၀ါ မျိုးစိတ်များသည် သဘာတရား၏ ရွေးချယ်ခံများဖြစ်သည် ဟုတင်ပြခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် အပင်နှင့် သက်ရှိသတ္တ၀ါများ၏ အရွယ်အစား သေးငယ်လာသော ကြောင့် ကမ္ဘာပေါ်ရှိလူသားများ၏ စားသောက်နေထိုင်မှုကို ထိခိုက်လာနိုင်ကြောင်း သုတေသန ပညာရှင်များမှ ဟောကိန်းထုတ်ခဲ့သည်။ အပူချိန် မြင့်တက်လာခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှု တို့ကြောင့် ကုန်းနေ၊ ရေနေ သတ္တ၀ါများ၏ အရွယ်အစား ကိုထိခိုက်လာကြောင်း ပြောဆိုခဲ့သည်။

သုတေသန ပြုချက်များအရ သွေးအေး သတ္တ၀ါများဖြစ်သည့် ဖါးပြုတ်၊ လိပ်နှင့် မြွေတို့၏ အရွယ်အစား ပြောင်းလဲလာခဲ့သည်။ လွန်ခဲ့သော ၂၂ နှစ်အတွင်း ကမ္ဘာ့ အပူချိန် ၁.၅ ဒီဂရီ ဆဲလ်စီယပ် တိုးလာခြင်းကြောင့် သွေးအေး သတ္တ၀ါများ၏ အရွယ် သေးငယ်လာခြင်း ဖြစ်ကြေင်း စင်္ကာပူ အမျိုးသား တက္ကသိုလ်မှ David Bickford က ပြောဆိုခဲ့သည်။

Nature မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ရာသီဥတု ဖောက်ပြန်မှုကိုလေ့လာရာတွင် လွန်ခဲ့သော နှစ် ၁၀၀ ကျော်က တည်ရှိခဲ့သော ရုပ်ကြွင်းများ၏ကို သုသေနပြုတင်ပြထားခြင်း ဖြစ်သည်။ သုတေသန ပြုလုပ်ချက်အရ မျိုးစိတ်များ အားလုံးတွင် ပြောင်းလဲမှု တူညီနေသည်ကို တွေ့ရှိရသည်။

နှစ်သန်း ၅၀ ကတည်ရှိခဲ့သော ရုပ်ကြွင်းများကို လေ့လာရာတွင် တွင်းအောင် သတ္တ၀ါများ ဖြစ်သည့် ပိုးတောင်မာ၊ ပျား နှင့်ပုရွက်ဆိတ် တို့၏ အရွယ်အစာမှာ ၇၅ ရာခိုင်နှုန်းထိ သေးငယ်သွားသည် ကိုတွေ့ရှိခဲ့သည်။

ပင်လယ်ရေတွင် အက်ဆစ်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် များလာမှုကြောင့် ပင်လယ်ရေနေ သတ္တ၀ါတို့ အရွယ်အစား မှာလည်း သေးငယ်လာကြောင်း တွေ့ရှိခဲ့သည်။ ၁ ဒီဂရီ စင်တီဂရတ် တိုးလာတိုင်း ကုန်းနေရေနေ သတ္တ၀ါများ၏ အရွယ်အစား ၄ ရာခိုင်နှုန်းထိ အရွယ်သေးငယ်လာပြီး၊ ငါးကဲ့သို့သော ရေနေ သတ္တ၀ါတို့ အရွယ်အစားမှာ ၁၄ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိနှင့် စပါးပင်နှင့် အခြားသော သီးနှုံပင်တို့မှာ ၃ ရာခိုင်နှုန်းမှ ၁ရ ရာခိုင်နှုန်းထိ သေးငယ်လာကြောင်း တွေ့ရှိခဲ့သည်။ ပင်လယ်ရေတွင် အက်ဆစ် များလာခြင်းသည် ရေနေသတ္တ၀ါများကို အကြီးအကျယ် ထိခိုက်လာ နိုင်သည့်အတွက် စိုးရိမ် ပူပင်မှုများရှိနေကြသည်။

ရေနေသတ္တ၀ါများ အပြင် လေထုထဲတွင် ကာဗွန်ဒိုအောက်ဆိုဒ် အဆမတန် များပြားလာခြင်းကြောင့် သစ်ပင်များ၏ အရွယ်အစားမှာလည်း သေးငယ်လာခဲ့ကြောင့် တွေ့ရှိခဲ့သည်။ သို့ရာတွင် လတ္တီကျု အမြင့်ပိုင်းတွင် နေထိုင်သည့် တွားသွားသတ္တ၀ါများ၊ ဘဲရိုင်း နှင့်အခြားသော ငှက်များမှာ အရွယ်ကြီးထွား လာသည်ကို တွေ့ရသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် သက်ရှိများ၏ ဇီဝပြောင်းလဲမှု ဖြစ်စဉ်များ ကမောက်ကမ ဖြစ်လာရသည်ကို တွေ့ရှိရကြောင်း Nature စာစောင်တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ကမ္ဘာ့ အပူချိန် ၁ ဒီဂရီစင်တီဂရိတ် တိုးလာခဲ့သည်။ နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာအဖွဲ့မှ လာမည့် ၂၁၀၀ ခုနှစ်တွင်ကမ္ဘာ့အပူချိန်သည် ၇ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ သိပ္ပံပညာရှင်များ အနေဖြင့် အနာဂါတ်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် မည်မျှ ထိခိုက်လာမည်ကိုလေ့လာသင့်ကြောင့်၊ ရာသီဥတု ပြောင်းလဲမှုနှင့်အတူ သက်ရှိ ဂေဟာစနစ် ပြောင်းလဲမှုကြောင့် ကမ္ဘာ့လူသားများ၏ အစားအသောက် ဖူလုံမှုကို ထိခိုက်လာနိုင်သည်ဟု ဟောကိန်းထုန်ခဲ့သည်။

သဘာဝတရား ဖေါက်ပြန်မှုကြောင့် ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံအတွင်း ရေကြီးမှုသည် ဟာဝိုင်အီ၌ ကျင်းပခဲ့သည့် အေရှား ပစ္စဖိတ် အစည်းအဝေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များ အပြင် နိုင်ငံတကာ အရင်းရှင်ကုမ္ပဏီ များဖြစ်သည့် Google ၊ Microsoft ၊ AT&T ၊ Cagill ၊ Boeing နှင့် GE တို့မှ လည်း ထိုင်းနိုင်ငံကြုံတွေ့ခဲ့ရသည့် သဘာဝတရား ဖေါက်ပြန်မှုကို စိုးရိတ်ကြောင်း ဆွေးနွေးခဲ့ကြပြီး၊ အနာဂါတ်ကာလတွင် ရေလွှမ်းမိုးမှု ဘေးမှကာကွယ်ရေး နည်းလမ်းများကို ပူးပေါင်းဆောင်ရွက်ရန် ကတိပေးခဲ့ကြသည်။

Sources; Climate change is shrinking species, study warns; CNN and Bangkok Post.

စောပြည့်ညို

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com