ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, November 18, 2011

တစ်ပတ်စာ သင်၏ကံဇာတာ

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


နက်နဲသော ပညာရပ်များ လေ့လာလိုက်စားရာ၌ အထူးပေါက်မြောက်အောင်မြင်နိုင်သည်။ စီးပွားရေးဈေးကွက်သစ်နှင့် အကြံ ဉာဏ်သစ်များ ပေါ်ထွက်အကျိုးပေးတော့မည်။ လုပ်ငန်းကြီးများ၌ ကိုယ်ရေးအရာရှိ၊ အတွင်းလူ၊ ယုံကြည်ရသော ကိုယ်စား လှယ်များ၊ ကျွမ်းကျင်ဝန်ထမ်းသစ်များ စတင်ခန့်အပ်သင့်သည့် အချိန်ဖြစ်သည်။ အဓိကလုပ်ငန်း၌ ရေရှည်လက်တွဲမည့် အစုရှယ်ယာရှင်များ ပေါ်ပေါက်မည်။
ယတြာ - နေပူခံကျောက်ပြားများ လှူပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


၁၈ ရက်၊ ၂၄ ရက်တို့သည် အထူးကံကောင်းနိုင်သည်။ အိမ်ခြံမြေကားစသည်တို့နှင့်ပတ်သက်၍ များစွာ အကျိုးပေးတော့
မည်ဖြစ်သည်။ သစ်တောထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့် ပတ်သက်၍ လုပ်ငန်းများ တိုးတက်အောင်မြင်တော့မည်။ ရွှေ၊ ကျောက်မျက်ရတနာ အမျိုးမျိုး၊ သတ္တုပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ၌ အမြတ်အစွန်းကောင်းစွာ ရရှိတော့မည်။ အစုစပ်လုပ်ငန်း၊ စာချုပ်များ အောင်မြင်စွာ ချုပ်ဆိုနိုင်မည်။
ယတြာ - ထိုးမုန့်ကပ်လှူလောင်းလှူပေးပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


ကံကောင်းမည့် နေ့ရက်များ စတင်ပြီဖြစ်သည်။ မည်သူမဆို သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ အထူးထင်ပေါ် ကျော်ကြားလာ တော့မည်။ လူကြီးသူမ၊ ဆရာသမားတို့နှင့် နတ်ကောင်းနတ်မြတ်တို့၏ ကူညီမစမှု ခံရမည်။ ရောင်းဝယ်ဖောက်ကားမှု အထူး ပွင့်လန်း တိုးတက်မည်။
ယတြာ - မိခင်ဖြစ်သူအား အဖြူရောင်ပိုးထည်စတို့ဖြင့် ကန်တော့ပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


၁၈ ရက်၊ ၂၂ ရက်တို့ ကံအကျိုးပေး ထက်သန်နေမည်။ ဥစ္စာဓန ရှာဖွေရရှိတတ်သလို ထွက်ငွေလည်း များတတ် ချိန်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်း၊ စည်းစိမ်ချမ်းသာတိုးပွားမည်။ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းကြီးများ ထိပ်တန်းအောင်မြင်မှု ရလိမ့်မည်။ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးလုပ်ငန်းများ အကျိုးပေးမည်။ ဇိမ်ခံပစ္စည်းများ၊ ပရိဘောဂများ၊ လက်ဝတ်ရတနာများ အကျိုးပေးမည်။
ယတြာ - ဘုရားကျောင်းကန်ဘက်စုံပြုပြင်ရန် အလှူငွေထည့်ပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


ဂုဏ်သိက္ခာတိုးမည်။ လုပ်ငန်းဆိုင်ရာ အထက်အကြီးအကဲတို့၏ အားထားယုံကြည်မှု ပိုမိုခံရမည်။ အိမ်ခြံမြေရောင်းဝယ်ငှားရမ်း မှုများ များစွာ အကျိုးပေးနိုင်သည်။ မိတ်ကောင်းဆွေကောင်းနှင့် ဆွေမျိုးသားချင်းများ၏ ပံ့ပိုးကူညီမှု ခံရမည်။ မြေယာများ ၀င်နိုင်သလို နှစ်ရှည်လုပ်ငန်းကြီးများ စတင်အကျိုးပေးနိုင်သည်။
ယတြာ - မိခင်ဖြစ်သူအား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


၁၈ ရက်၊ ၂၂ ရက်တို့၌ ရုပ်ဝတ္ထုဆိုင်ရာ လိုအင်ဆန္ဒများ အထူးပြည့်ဝလာမည်။ ရောင်းကုန်များအပေါ်၌ အမြတ်အစွန်း
ကောင်းစွာရရှိလိမ့်မည်။ အစ်ကို၊ အစ်မစသည်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ အကျိုးရှိနေမည်။ ၀င်ငွေနှင့် အကျိုးအမြတ် တိုးပွားမည်။ လုပ်ငန်းဆိုင်ရာ အခက်အခဲ ပြဿနာများ အောင်မြင်စွာ ဖြေရှင်းနိုင်မည်။ တရားဓမ္မ ကျင့်ကြံအားထုတ်မှု၌ သမာဓိ ပိုမိုအားကောင်းလာမည်။
ယတြာ - လျှပ်စစ်ပစ္စည်းများ လှူပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


ကံကောင်း သော နေ့ရက်များဖြစ်သည်။ မည်သည့်ငွေကြေးကိစ္စမဆို အဆင်ပြေတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ အဓိကလုပ်ငန်းတို့၌ ၀င်ငွေနှင့် အကျိုးအမြတ်တိုးပွားမည်။ နှစ်ရှည်လများ ကြိုးပမ်းအားထုတ်ခံရ၊ သည်းခံစောင့်ဆိုင်းခဲ့ရသော ကိစ္စရပ်တိုင်း ကောင်းကျိုးပေးလာတော့မည်ဖြစ်သည်။ ဩဇာတိက္ကမကြီးမားလာတော့မည်။
ယတြာ - ပန်ကာ(သို့)လေအေးစက်(သို့)ယပ်လှူပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


အနာဂတ်အကျိုးရှိရန် သေချာသည့် လုပ်ငန်းသစ်များလည်း တိုးချဲ့နိုင်မည်။ ဩဇာတိက္ကမကြီးမားလာမည်။ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းတိုးတက်လိမ့်မည်။ နိုင်ငံရပ်ခြားခရီးပေါ်ပေါက်မည်။ သတ္တိဗျတ္တိကြောင့် ထူးခြားသော အောင်မြင်မှုများရမည်။ အိမ်ခြံမြေကားနှင့် အမွေကိစ္စများအတွက် ပူပန်ရတတ်သည်။
ယတြာ - ဘိုးဘွားမိဘတို့အား ရိုးရာအစားအစာတို့ဖြင့် ပူဇော်ကန်တော့ပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


ပညာရေးလုပ်ငန်းခွင် ကျွမ်းကျင်မှုများနှင့်ပတ်သက်ပြီး သင်တန်းများ ထပ်ဆင့်တက်ရတတ်သည်။ သို့သော် ခန္ဓာကိုယ်၌ အင်အား နည်းပါးခြင်း၊ သွေးအားနည်းခြင်း၊ သကြားဓာတ်လျော့ကျခြင်းစသည့် အာဟာရ ချို့တဲ့သည့် ရောဂါများဖြစ်ရတတ်သည်။ ဤတစ်ပတ်အတွင်း ပြောဆိုနေထိုင်ပြုမူမှုများ ကောင်းမွန်အောင် အဓိကဆင်ခြင်သင့်၏။ သို့မဟုတ်လျှင် စီးပွားရေးလုပ်ငန်းများ ထိခိုက်နိုင်၏။ ကြိုးစားမှုကြောင့် ပါရမီရှင်ဖြစ်လာမည်။
ယတြာ - ဖခင်ဖြစ်သူအား ဆေးဝါးဓာတ်စာတို့ဖြင့် ကန်တော့ပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


ဆရာကောင်း၊ သမားကောင်းတွေ့မည်။ အနာဂတ်အကျိုးပေးမည့် လုပ်ငန်းများ စတင်ဆောင်ရွက်ရလိမ့်မည်။ လုပ်ငန်း၌ အထက် အကဲတို့၏ ယုံကြည်အားထားမှုခံရမည်။ လုပ်ငန်းများ တိုးချဲ့ရလိမ့်မည်။ ကျန်းမာရေးပိုမိုကောင်းမွန်လာမည်။ လက်ဝတ်ရတနာနှင့် စည်းစိမ်ချမ်းသာတိုးမည်။
ယတြာ - အုန်းဆွမ်း (သို့) ဒံပေါက်ကပ်လှူလောင်းလှူပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


အဓိကလုပ်ငန်းနှင့် စပ်တူလုပ်ငန်းနှစ်မျိုးစလုံး ယခုတစ်ပတ်အတွင်း ဆောင်ရွက်ချက်များကြောင့် ထိပ်တန်း အကျိုးအမြတ် ရရှိနိုင်သည်။ သံတမန်ရေးရာကိစ္စများ အဆင်ပြေမည်။ အတွင်းရေးမှူး၊ ကိုယ်ရေးအရာရှိကိုယ်စားလှယ်များ ခန့်အပ် လုပ်ဆောင် စေသင့်သော အချိန်ဖြစ်သည်။ စည်းရုံးရေးမှူးနှင့် ၀ါဒဖြန့်ချိရေးမှူးတာဝန်များ အောင်မြင်စွာ ထမ်းရွက်နိုင်မည်။ အိမ်ထောင်ရေး
သာယာမည်။ စည်းစိမ်ချမ်းသာတိုးမည်။ အများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် ကိစ္စများ အထူးအောင်မြင်မည်။
ယတြာ - စနေထောင့်၌ အောင်သပြေနှင့် နှင်းဆီနီများ ကပ်လှူပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


အပြိုင်အဆိုင်များသည့် လုပ်ငန်းများ၌ အသာစီးရလိမ့်မည်။ လုပ်ငန်းတူများထက်လည်း ၀င်ငွေတိုးတက်ကောင်းမွန်မည်။ အခြား သူများ၏ ဖောက်သည်နှင့်ဈေးကွက်များ မိမိလက်ထဲသို့ ရောက်ရှိလာတတ် ချိန်ဖြစ်သည်။ မည်သည့်ကိစ္စ၌မဆို စိတ်ရှည် သည်းခံ မှုကြောင့် နစ်နာဆုံးရှုံးမှုဘေးမှ ကင်းဝေးမည်။ အငြင်းပွားမှုများ၊ တရားရင်ဆိုင်ရသော အမှုကိစ္စများစသည်၌ အနိုင်ရရှိ စိတ်ချမ်း မြေ့ရလိမ့်မည်။ အမွေအနှစ်ရရှိရန် အကြောင်းဖန်လာမည်။
ယတြာ - အခမဲ့ဆေးခန်းများသို့ တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းပါ။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com