ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Monday, November 28, 2011

အလွန်ကြီးမားပြီး ထူးဆန်းသော ပုံသဏ္ထာန်ရှိ ဦးခေါင်းခွံရုပ်ကြွင်းကြီး တွေ့ရှိရာ ဂြိုလ်သား၏ ဦးခေါင်းဟု ယူဆ

ပီရူးနိုင်ငံတွင် အလွန်ကြီးမားပြီး ထူးဆန်းသောပုံသဏ္ထာန်ရှိ ဦးခေါင်းခွံ ရုပ်ကြွင်းတစ်ခုကို တွေ့ရှိရာ ယင်းကို ဂြိုလ်သား၏ ဦးခေါင်းခွံဟု ယူဆနေကြကြောင်း DM သတင်းဌာနက နိုဝင်ဘာလ ၁၉ရက်နေ့တွင် ဖော်ပြသည်။ ဦးခေါင်းခွံ၏ အချင်းသည် ၂ဝလက်မရှိပြီး ပုံသဏ္ထာန်မှာလည်း ထူးခြားလွန်း၍ မနုဿဗေဒပညာရှင်များ စဉ်းစားရခက်နေသည် ဟုဆိုသည်။ အဆိုပါ ဦးခေါင်းခွံရုပ်ကြွင်းကို ပီရူးနိုင်ငံတောင်ပိုင်း ဝီစပီကန်ချီပြည်နယ် အန်ဒါဟွေးလီလက်စ်မြို့တွင် တူးဖော်တွေ့ရှိ ရခြင်းဖြစ်သည်။ စပိန်နှင့် ရုရှားနိုင်ငံမှ ပညာရှင်များက အဆိုပါဦးခေါင်းခွံကို လေ့လာခဲ့ပြီးနောက် ယင်းသည်အမှန် တကယ်ပင် ဂြိုလ်သား၏ ဦးခေါင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဦးခေါင်းခွံရှိ မျက်လုံးတည်ရှိရာ ချိုင့်ခွက်များသည် လူသားတို့နှင့် နှိုင်းစာပါက ကြီးမားလွန်းလှသည်ဟုဆိုသည်။ ဦးခေါင်းခွံတွင် မွေးကာစကလေးကဲ့သို့ ပျော့နေသော ငယ်ထိပ်ပါဝင်သည်။ သို့သော် ဦးခေါင်းခွံ ၌သက်ကြီးပိုင်းများ ၌သာတွေ့ရသော အံသွားနှစ်ချောင်း ပါဝင်သည်ဟုဆိုသည်။ ညာဘက်မျက်တွင်း ထဲမှာ ဒီအင်အေနမူနာ ရယူနိုင်ဖွယ် ရှိသောကြောင့် လူသားဟုတ်မဟုတ် ဆုံးဖြတ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com