အလွန်လှပသည့် အဝါရောင်ရှိကမ္ဘာ့အကြီးဆုံး သစ်တော်သီးပုံ စိန်ပွင့်ကြီးကို နိုဝင်ဘာလ ၁၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် လေလံတင်ရောင်းချခဲ့ရာ စံချိန်တင်ဈေးနှုန်း ရရှိခဲ့ကြောင်း သိရသည်။ ဥရောပတွင် စီးပွားရေးကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အနေဖြင့် ခြိုးခြံချွေတာရေး မူဝါဒများကို ကျင့်သုံးနေသော်လည်း အဆိုပါစိန်ပွင့်ကြီးသည် စံချိန်တင်ဈေးနှုန်း အဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဒသမ၃ သန်းကျော် ရရှိခဲ့သည်။ ၁၁ဝ ကရက်အလေးချိန်ရှိ ယင်းစိန်ပွင့်ကို ပုဂ္ဂလိကဝယ်ယူသူတစ်ဦးက တယ်လီဖုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဆောက်သ်ဘီလေလံအဖွဲ့၏ အဆိုအရ အလေးချိန် ၁ဝဝကရက်ကျော်သော စိန်ပွင့်မှာ လွန်စွာ ရှားပါးသည်ဟုဆိုသည်။ ယင်းစိန်ပွင့်ကို၂ဝ၁ဝ ပြည့်နှစ်ကမှ တောင်အာဖရိကနိုင်ငံ၌ တွေ့ရှိရခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ဂျနီဗာမြို့၌ ပြုလုပ်သော ဆောက်သ်ဘီလေလံအဖွဲ့၏ လေလံပွဲတွင် စုစုပေါင်း ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ သန်း ၇ဝ ရှိကြောင်း သိရသည်။
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Monday, November 28, 2011
အဝါရောင် ရှားပါးစိန်ပွင့်ကြီးစံချိန်တင်ဈေးနှုန်း ရရှိ
Labels:
စီးပွားရေး
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်