ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 10, 2011

ဂျပန်ပီဇာ


ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး၊ ပုစွန်၊ ဂေါ်ဖီ၊ တန်ပူရာမှုန့် ၊ ပုစွန်ခြောက်မှုန့်
ဂျုံမှုန့်၊ မယိုးနိစ် ကြက်သွန်မြိတ် ၊ ရေညှိမှုန့်၊ ကော်မှုန့်
Tonkatsu sauce

ဒီတစ်ပတ်တော့ ပင်လယ်စာတွေနဲ့ အရသာရှိရှိ စားသုံးရမယ့် ဂျပန်ပီဇာ ပြုလုပ်ကြရအောင်။

ပြုလုပ်နည်း ပြည်ကြီးငါးနဲ့ ပုစွန်ကိုသန့်စင်ပြီး သေးသေးလေးတွေ လှီးထားပါ။

ဂေါ်ဖီကို နုပ်နုပ်စဉ်းပါ။

ပြည်ကြီးငါး၊ ပုစွန်နဲ့ ဂေါ်ဖီထဲကို တန်ပူရာမှုန့်၊ ဂျုံမှုန့်၊ ပုစွန် ခြောက်မှုန့် တွေထည့်ပါ။

ပြီးရင် ရေနည်းနည်းထည့်ပြီး ခပ်ပျစ်ပျစ်လေးနဲ့ ပီဇာအနှစ်ရအောင် ရောမွှေပါ။

ဒယ်အိုးပူထဲကို ဆီကော်ဖီဇွန်းတစ် ၀က်ခန့်ထည့်ပါ။

သဲသဲထွေး

အနှစ်တွေအိုးထဲထည့် ပြီး ငါးမိနစ်ခန့်ကြာရင် ပီဇာကို တစ်ဖက် လှန်လိုက်ပါ။

ပီဇာကို ဟိုဘက်ဒီဘက် လှန်ပြီး အိုးပေါ်ကချပါ။

မျက်နှာပြင်ကို Tonkatsu sauce ဆမ်းပါ။ ရေညှိအမှုန့်ဖြူးပါ။

ပြီးရင် မယိုးနိစ် ဆမ်းပါ။

ဂျပန်ငါးလွှာမှုန့် ထပ်ဖြူးပါ။

နောက်ဆုံးမှ ကြက်သွန်မြိတ်ထည့်ပါ။

ဒါဆိုရင်တော့ ဂျပန်ငါးလွှာ မှုန့်ရနံ့မွှေးမွှေးနဲ့ ဂျပန်ပီဇာကို ရပါပြီ။

ဒီဟင်းလျာအတွက် တာမွေ မြို့နယ် ဦးထွန်းမြတ်လမ်းမှာ ဖွင့်လှစ်ထားတဲ့ HYPER Food Fusion Restaurant က ပံ့ပိုးပေးထားပါတယ်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com