ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, November 27, 2011

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှန်တကယ် အနားယူသွားပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ အမှန်တကယ် အနားယူသွားပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မီဒီယာ တွေ့ဆုံပွဲကို နိုဝင် ဘာလ ၂၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (နောက်ဆုံးနေ့)အစီအစဉ် အပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည် တွင်းမီဒီယာတစ်ခုမှ “၂၄ ရက်နေ့ သတင်းစာထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) ဆိုပြီး ပါလာတာကို သတင်းစာထဲက စွယ်တော်နဲ့ ပတ်သက်တဲ့သတင်းမှာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အမှန်တကယ်ပဲ အနားယူသွားပါပြီလား”ဟု မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “မှန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး အမှန်တကယ်ပဲ အနားယူသွားပါပြီ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ပြည်တွင်းမီဒီယာမှ တာဝန်ရှိသူတစ်ဦးက “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာလည်း နာယကနေရာ မရှိ တော့ဘူးလို့ သိရပါတယ်။ မှန်ပါ သလား”ဟု မေးမြန်းချက်အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက “မှန်ပါ တယ်။ ပါတီမှာလည်း နာယက မရှိပါဘူး။ ဒါနဲ့ ရှင်းရှင်းလင်းလင်း ပိုပြောမယ်ဆိုရင် ဒီနေ့ပါတီနဲ့သော် လည်းကောင်း၊ အစိုးရအဖွဲ့နဲ့သော် လည်းကောင်း၊ မိမိတို့လွှတ်တော်နဲ့ သော်လည်းကောင်း၊ တရားရေးအဖွဲ့ အစည်းများနဲ့သော်လည်းကောင်း ဗိုလ်ချုပ်မှူးကြီးနဲ့ လုံးဝပတ်သက်မှု မရှိတော့ပါဘူး”ဟု ပြန်လည်ဖြေ ကြားခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီကို ယခု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်မှ စတင်ကာ ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com