ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, November 16, 2011

မူကြို ဆရာ/ဆရာမ အခြေခံသင်တန်းအတွက် ဝေးလံဒေသများမှ တိုင်းရင်းသားများအား ပညာအရည်အချင်း သတ်မှတ်ချက်အချို့ လျော့ပေါ့ထား

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကလေးသူငယ် ရှေးဦးပြုစုပျိုးထောင် ရေးမူကြိုဆရာ/ဆရာမအခြေခံသင်တန်း၊သင်တန်း အမှတ်စဉ်(၃၄) ကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းကို အမှတ် (၆၅)ကျိုက်ဝိုင်းဘုရားလမ်း မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းအတတ် သင်သိပ္ပံကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ(၆၀)ဦး သတ်မှတ်ထားခြင်းကြောင့် သင်တန်းသားများကို ဦးရာ လူစနစ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အသက်(၁၈)နှစ်နှင့်အထက် စိတ်ဝင်စားသူ မည်သူမဆိုတက် ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဓာတ်ပုံ (၃)ပုံ၊ဘွဲ့လက်မှတ်မိတ္တူတို့နှင့်အတူ လာရောက် လျောက်ထားနိုင်မည် ဖြစ်ကာ သင်တန်းကြေးကျပ် သုံး သောင်းငါးထောင်သတ်မှတ်ထား ကြောင်း သိရှိရပါသည်။

''အတန်းပညာအရည်အချင်း သတ်မှတ်ချက်က ဘွဲ့ရဆိုပေမယ့် လည်းဝေးလံတဲ့ဒေသကနေမိမိရပ်ရွာ အကျိုးသယ်ပိုးချင်လို့သင်တန်းလာ တက်ချင်တဲ့တိုင်းရင်းသားလူမျိုးတွေ ကိုတော့ ပညာအရည်အချင်းသတ် မှတ်ချက် ကိုသတ်မှတ်ထားချက်ထက် လျော့ပေါ့စဉ်းစားပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အနိမ့်ဆုံးပညာအရည် အချင်းကတော့ (၁၀)တန်းအောင် အဆင့်ဖြစ်ရပါမယ်''ဟုလူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းမှတာဝန် ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

အဆိုပါကလေးသူငယ်ရှေးဦး ပြုစုပျိုးထောင်ရေး မူကြိုဆရာ/ ဆရာမအခြေခံသင်တန်းကို ၂၀၀၆ ခုနှစ်မှစတင်ဖွင့်လှစ်သင်ကြားပေး ခဲ့ခြင်းဖြစ်ပြီးသင်တန်းအမှတ်စဉ်(၁) မှအမှတ်စဉ်(၃၃)အထိသင်တန်းဆင်း မူကြိုဆရာ/ဆရာမပေါင်း(၂၀၃၂)ဦး ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com