အဆိုပါပေါက်ကွဲမှုမှာ သီတာရပ်ကွက်၊ လမ်းသွယ်(၅)၊ ၊အိမ်အမှတ် ၆၉၊ ဦးဒယောင်တန်ဂွန်း၏ နေအိမ်တွင် ည ၈ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခြဲ့ပီး ၎င်း၏သားဖြစ်သူ မောင်ဆိုင်းခွန်နှင့် မောင်လဆိုင်းလတို့အပါအ၀င် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးသုံးဦးသေဆုံးခဲ့ သည်ဟုသိရသည်။
လက်ရှိတွင် မြစ်ကြီးနားဆေးရုံကြီး တွင် ပေါက်ကွဲမီးလောင်မှုကြောင့် အမျိုး သား ငါးဦး၊ အမျိုးသမီး ခုနစ်ဦးနှင့် ကလေး ၁၇ ဦး၊ စုစုပေါင်း ၂၉ ဦးအတွင်း လူနာအဖြစ် တက်ရောက်ကုသမှုခံယူ နေကြောင်းသိရသည်။ ဤပေါက်ကွဲမှုကြောင့် သေဆုံးသူ များ စာရင်းတွင် မောင်ဆန်အောင်လီ (အသက် ၁၉ နှစ်)၊ မလုနန် အသက် ငါးနှစ်၊ မနန်လုံ (အသက် ၃၂ နှစ်)၊ မောင်နော နော် (အသက် ငါးနှစ်)၊ မောင်ဂွမ်ဂျပ် (အသက် ၁၈ နှစ်)၊ မောင်ဆိုင်းခွန် (အသက် ၂၈)နှစ်နှင့် မောင်လဆိုင်းလ (အသက် ၂၂ နှစ်)တို့ ပါဝင်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုလ ၁၂ ရက်နေ့၌လည်း ချိန်ကိုက်မိုင်း တစ်လုံးကို တာဝန်ရှိသူများက တွေ့ရှိခဲ့ ပြီး သီတာ ရပ်ကွက်၌ ည ၉ နာရီ ၅၅ မိနစ် တွင် အခြားမိုင်းနှစ်လုံး ပေါက်ကွဲခဲ့သော် လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီး ဆုံးရှုံးမှုမရှိကြောင်း သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်