
ရန်ကုန်မြို့၊ မဟာဗန္ဒုလတံတား၏ ဒေါပုံဘက်အဆင်းတွင် ယခုလ ၅ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ကုန်သေတ္တာတင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားအပြီး တွေ့ရစဉ်။ ဓာတ်ပုံ-သက်ထူး
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ ၇ လမ်းထိပ်နှင့် ကိုင်းတန်းလမ်း ထိပ်ကြား၊ ကမ်းနားလမ်းမကြီးပေါ်တွင် ယခုလ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်က ၁၈ ဘီး နောက်တွဲကုန်ပါ ကုန်သေတ္တာတင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဆီပိတ်သဖြင့် ပန့်ရိုက်စဉ် ပန့်ကျပ်၍ ဓာတ်ဆီ ဖြင့် ဆေးကြောပြုပြင်ရာတွင် ဖယောင်း တိုင်မီးထွန်းကြည့်ရာမှ စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်သည်။
ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ကျောက်တံတားမီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီးနှင့် အုပ်ချုပ်မှုယာဉ် တစ်စီးဖြင့် ငြှိမ်း သတ်ခဲ့ရာ ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
ယခုမီးလောင်မှုမဖြစ်ပွားခင် တစ်ပတ် ကျော်ခန့် ယခုလ ၅ ရက်နေ့ ညနေ ၆ နာရီ ခွဲခန့်ကလည်း ရန်ကုန်မြို့၊ မဟာဗန္ဓုလ တံတား၏ ဒေါပုံဘက်အဆင်းတွင် ကုန် သေတ္တာတင်ယာဉ်တစ်စီး ၀ိုင်ယာရှော့ ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။
Share












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်