ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 24, 2011

သဘာဝအလှပိုင်ရှင် ဟန်ဟိုဂျိုး

HanHo

ဒီနှစ်ပရိသတ်စိတ်ဝင်စားဆုံး ကိုရီးယားမင်းသမီးများထဲက တစ်ဦးဖြစ်တဲ့ ဟန်ဟိုဂျိုးနဲ့ ရတီပရိသတ်ကြီးကို မိတ်ဆက်ပေးလိုပါတယ်။ ပရိသတ်ကြီးအနေနဲ့သူ့ကိုSpring waltz (နွေဦးကဗျာ ချစ်သံသာ)ထဲက မင်းသမီး၊ Shining Inheritance ထဲက မင်းသမီးအဖြစ် အသိများကြလိမ့်မယ်လို့ ထင်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေး ချစ်စရာ ကောင်းတဲ့ သဘာဝ ပင်ကိုအလှကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင် ကောင်းတဲ့အပြင် ဇာတ်လမ်းကောင်းတွေပါရိုက်ခွင့်ရတဲ့အတွက် သူ့ရဲ့ပရိသတ်အား ကလည်း မြင့် သထက်မြင့်လာခဲ့သူဖြစ်ပါတယ်။ ဟန်ဟိုဂျိုးဟာ ၂ဝဝ၅ခုနှစ်မှာ သရုပ်ဆောင်လောကထဲ စရောက်ခဲ့ပြီး Nonstop 5 ဆိုတဲ့ ရုပ်သံစကားပြောခန်းကို အသက် ၂၂နှစ် မှာရိုက်ခဲ့တာဖြစ်ပါတယ်။ Shining Inheritance ဇာတ်လမ်းတွဲမှာ သူဟာ ခေတ်သစ်စင်ဒရဲလားလေးအဖြစ် သရုပ်ဆောင်ပြီးတဲ့နောက်ပိုင်း ဇာတ်လမ်းတွဲ တွေမှာ သရုပ်ဆောင်လိုက်၊ ကြော်ငြာတွေရိုက်လိုက်နဲ့ တစ်ရက်တလေတောင် အနားမရအောင် အလုပ်များနေသူဖြစ်ပါတယ်။ Shining Inheritance ထဲမှာ မင်းသား လီဆောင်ဂီနဲ့ အတွဲညီတဲ့ ‘အွန်ဆောင်’အဖြစ် သရုပ်ဆောင်ခဲ့တာကို ဘယ်လောက် လူကြိုက်များလဲ ဆိုရင် ကလေးတွေက သူ့ကိုတွေ့ရင် ‘မမအွန်ဆောင်’လို့ နှုတ်ဆက် ကြသလို အဘွားအိုတွေကလည်း ‘အွန်ဆောင်’လို့ပဲ မှတ်မိနေကြတော့တဲ့ အထိပါပဲတဲ့။

ဟန်ဟိုဂျိုးရဲ့ ကိုယ်ရေးအကျဉ်း
သူ့ရဲ့မွေးနေ့က ၁၉၈၇၊ ဖေဖော်ဝါရီလ (၂)ရက်။ တောင်ကိုရီးယားမှာပဲ မွေးဖွားသူဖြစ်ပြီးတော့ မွေးချင်း အနေနဲ့မောင်လေးတစ်ယောက်ပဲရှိတယ်။ Dongkuk တက္ကသိုလ်ရဲ့ Theater and Film ဌာနမှာ တက်ရောက်နေသူလေးပေါ့။ သူ့ရဲ့ဝါသနာတွေက ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာနဲ့ ပုံပြင်ပြောပြရတာတွေပါ။

သူ့ရဲ့နာမည်ကြီးဇာတ်ကားတွေ
Nonstop 5, Spring waltz(အွန်ယောင်းအဖြစ် )၊ Ilimae (အွန်ချယ်အဖြစ်)၊Shining Inheritance (ဂိုအွန်ဆောင်အဖြစ်)၊ Dong Yi (ချွဲဒေါင်ယိအဖြစ်)နဲ့ Only You ဇာတ်ကားမှာ ဟဂျောင်ဟွာအဖြစ် သရုပ်ဆောင်ခဲ့တာတွေဟာ ဟန်ဟိုဂျိုးရဲ့လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့အခါ သူပါဝင်ရတဲ့ ဇာတ်ကောင်ပုံစံထဲကို နှစ်မြှုပ်ပြီးသရုပ်ဆောင်တတ်သူပါလို့ သူပြောခဲ့ဖူးတဲ့အတိုင်းပဲ ဇာတ်ကောင်တစ်ခုချင်းစီမှာ ပီပြင်ခဲ့တဲ့အတွက် ‘အွန်ယောင်း’ ဆိုတုန်းကလည်း
‘အွန်ယောင်း’၊ ‘အွန်ဆောင်’ဆိုတော့လည်း ‘အွန်ဆောင်’ရယ်လို့ ပရိသတ်ရင်ထဲ စွဲကျန်စေခဲ့သူ ဖြစ်ပါတယ်။

ကြော်ငြာမော်ဒယ်အဖြစ်လည်း အောင်မြင်သူ
ချစ်စရာကောင်းပြီး သွက်လက်ပီပြင်တဲ့ ဟန်ဟိုဂျိုးဟာ ဆေးလိပ်မသောက်ရေးလှုပ်ရှားမှု Pizza Hut, Green Time Green Tea, Enpran အလှကုန်၊ Maxim ကော်ဖီ၊ ကိုရီးယားလေကြောင်း၊ အဝတ်အစား Brand များနဲ့ ဆမ်ဆောင်းစတဲ့ လုပ်ငန်းမျိုးစုံရဲ့ကြော်ငြာများကို ရိုက်ကူးခဲ့ရသူဖြစ်ပါတယ်။

ဘဝလက်တွဲဖော်နဲ့ ပတ်သက်လို့ သူမရဲ့ခံယူချက်
ချစ်သူရမယ်ဆိုရင် ‘ကျွန်မကို ပံ့ပိုးပေးနိုင်တဲ့သူမျိုး၊ မှီခိုအားကိုးရမယ့် လူမျိုးကို သဘောကျပါတယ်။ ဘယ်တော့ လက်ထပ်ဖြစ်မယ်ဆိုတာ မသိပေမယ့် သေချာတာ ကလည်း အချိန်မတန်သေးပါဘူး။ ဒါပေမဲ့လည်း လက်ထပ်သင့်တဲ့အရွယ်လို့ တွေးမိပြန်ရော။ ကျွန်မအတွက်ကတော့ အကြောင်းပြချက်မရှိဘဲ ရေးကြီးခွင်ကျယ်
ပြောတတ်တဲ့ ယောက်ျားမျိုးဆိုမုန်းတယ်’လို့ ဟန်ဟိုဂျိုးက ဆိုပါတယ်။

အလှအပနဲ့ မိသားစုဘဝ
အလှအပနဲ့ပတ်သက်လို့ ‘ကျွန်မရဲ့အလှက ဘာမှမပြုမပြင်ဘဲ ရှိနေတာပါ။ ဒါပေမဲ့ ပလတ်စတစ် ဆာဂျရီလုပ်ရမယ်ဆိုရင်လည်း ငြင်းမှာမဟုတ်ပါဘူး။ ကျွန်မမှာလည်း သဘောမကျတဲ့နေရာလေးတွေရှိပါတယ်။ ဒါပေမဲ့ လူတချို့ကပြောတာတောင် ဘယ်ဘက်မျက်လုံးအောက်က အစက်တွေမဖျက်ခဲ့ပါဘူး’လို့ ဆိုဖူးတဲ့ ဟန်က သူ့မိသားစု ဘဝလေးကိုလည်း အခုလိုပြောပြဖူးပါတယ်။’မေမေက ကျောင်းတစ်ကျောင်းက ကော်မရှင်နာပါ။ မူကြိုဆရာမလည်းလုပ်တယ်လေ။ ဒီတော့ ကျွန်မကအလိုလို ပုံပြင်ပြော တတ်လာတာပေါ့။ အနုပညာလောကထဲကို စဝင်လာဖို့ ပထမဆုံးထင်ပေါ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က Miss Binggrae အလှမယ်ဆုရတုန်းကဆိုရင် ပုံပြောကောင်းတဲ့ စွမ်းရည်ကို ပြနိုင်ခဲ့တယ်။ မိသားစုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆိုးလ်မှာတစ်ယောက်တည်း နေတာကိုစိုးရိမ်ကြတာပေါ့။ ဒါပေမဲ့ကျွန်မက တာဝန်ကျေတဲ့ သမီး တစ်ယောက် ပါ။ ငယ်ငယ်တုန်းကဆို ယောက်ျားလေးလိုပဲ ဘောလုံးကစားတယ်။ မီတာ ၁ဝဝ ကို ၁၅ စက္ကန့်လောက်နဲ့ပြေးနိုင်ခဲ့တယ်။ တကယ်လို့များ မင်းသမီးမဖြစ်ခဲ့ရင် အခုနေ အလုပ်လုပ်ဖို့ အသင့်ဖြစ်နေတဲ့ အလုပ်လက်မဲ့တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သရုပ်ဆောင်ဘဝရဲ့အောင်မြင်မှုများ
သရုပ်ဆောင်တစ်ယောက်အနေနဲ့ ၂ဝဝ၃ခုနှစ်မှာ Binggrae Smile Awards ပွဲမှာပထမဆုရပြီးတဲ့နောက် ဟန်ဟိုဂျိုးရရှိခဲ့တဲ့ ဆုတွေက၂ဝဝ၆ ခုနှစ်မှာ မျက်နှာသစ် မင်းသမီးဆု၊ ၂ဝဝ၇ ခုနှစ်မှာ စင်ကာပူ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမင်းသမီးဆု၊ ကိုရီးယားရဲ့ အကောင်းဆုံးဝတ်စားဆင်ယင်မှုဆု၊ ၂ဝဝ၈ခုနှစ်မှာ အီဂျီမဲ ဇာတ်ကားနဲ့ New Star ဆု၊ ၂ဝဝ၉ ခုနှစ်မှာ Hot Female & Drama Star ဆုနဲ့ မင်းသား လီဆောင်ဂီနဲ့အတူ အကောင်းဆုံးစုံတွဲဆု၊ ၂ဝ၁ဝ နဲ့ ၂ဝ၁၁များမှာ Dong Yi ဇာတ်ကားနဲ့ အကောင်းဆုံး မင်းသမီးဆုစတဲ့ ဆုများ အပါအဝင် စုစုပေါင်း၁၅ဆုပိုင်ဆိုင်ခဲ့တဲ့ ဟန်ဟိုဂျိုးရဲ့ သရုပ်ဆောင်မှုကိုနှစ်ခြိုက် တဲ့ ရတီပရိသတ်များ အနေနဲ့ လည်း အားပေးရင်းဟန်ဟိုဂျိုးရဲ့ ဇာတ်ကား သစ်များကို စောင့်မျှော်ကြည့်ရအောင်နော်။
ဇင်မြင့်စံ

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com